အီရန္ကို ပိတ္ဆုိ႔မႈလုပ္ေပမယ့္ ႏိုင္ငံ ၈ ႏုိင္ငံကို ေရနံတင္ပို႔မႈ ခြင့္ျပဳေပး

0
803

အေမရိကန္ႏိုင္ငံက အီရန္ႏုိင္ငံအေပၚ စီးပြားေရးပိတ္ဆို႔မႈ ျပန္လည္ခ်မွတ္ခဲ့ေပမယ့္ ဂ်ပန္ႏိုင္ငံ အပါအဝင္ ႏုိင္ငံေပါင္း ၈ ႏိုင္ငံကိုေတာ့ အီရန္နဲ႔ ေရနံတင္ပို႔ ကုန္သြယ္မႈ ကင္းလြတ္ခြင့္ ေပးခဲ့ပါတယ္။

အီရန္နဲ႔ ေရနံကုန္သြယ္ခြင့္ျပဳဖို႔ ကင္းလြတ္ခြင့္ရတဲ့ ႏုိင္ငံေတြကေတာ့ အိႏၵိယ၊ ဂ်ပန္၊ အီတလီ၊ ဂရိ၊ ေတာင္ကိုရီးယား၊ ဂ်ပန္၊ ထုိင္ဝမ္၊ တ႐ုတ္ႏိုင္ငံတုိ႔ ျဖစ္ပါတယ္။ အီရန္ႏိုင္ငံအေပၚ အေမရိကန္က စီးပြားေရးပိတ္ဆုိ႔မႈ ျပစ္ဒဏ္တုိးျမွင့္လုိက္ၿပီးေနာက္ အီရန္ႏုိင္ငံက ေရနံတင္သြင္းတာေတြကို လက္ရွိမွာ ရပ္တန္႔ထားဖုိ႔ အေမရိကန္က ေတာင္းဆုိပါတယ္။

ဂ်ပန္ႏုိင္ငံျခားေရး ဝန္ၾကီးဌာနက ဂ်ပန္ႏိုင္ငံအေနနဲ႔ အီရန္ႏုိင္ငံနဲ႔ ေရနံတင္သြင္းတာေတြ ဆက္လက္ လုပ္ေဆာင္ႏုိင္ဖုိ႔ ေဆြးေႏြးမႈေတြ လုပ္မယ္လို႔ ေျပာပါတယ္။ အေမရိကန္ႏုိင္ငံဟာ ႏို၀င္ဘာ ၅ ရက္ေန႔က အီရန္ႏုိင္ငံအေပၚ စီးပြားေရး ပိတ္ဆုိ႔မႈေတြ ျပန္ခ်မွတ္ခဲ့ၿပီး အီရန္အဖြဲ႔အစည္းေတြကိုလည္း ပစ္မွတ္ထား ျပစ္ဒဏ္ခ်ဖုိ႔ စီစဥ္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီရန်ကို ပိတ်ဆို့မှုလုပ်ပေမယ့် နိုင်ငံ ၈ နိုင်ငံကို ရေနံတင်ပို့မှု ခွင့်ပြုပေး

အမေရိကန်နိုင်ငံက အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ပြန်လည်ချမှတ်ခဲ့ပေမယ့် ဂျပန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံကိုတော့ အီရန်နဲ့ ရေနံတင်ပို့ ကုန်သွယ်မှု ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။

အီရန်နဲ့ ရေနံကုန်သွယ်ခွင့်ပြုဖို့ ကင်းလွတ်ခွင့်ရတဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ဂျပန်၊ အီတလီ၊ ဂရိ၊ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ တရုတ်နိုင်ငံတို့ ဖြစ်ပါတယ်။ အီရန်နိုင်ငံအပေါ် အမေရိကန်က စီးပွားရေးပိတ်ဆို့မှု ပြစ်ဒဏ်တိုးမြှင့်လိုက်ပြီးနောက် အီရန်နိုင်ငံက ရေနံတင်သွင်းတာတွေကို လက်ရှိမှာ ရပ်တန့်ထားဖို့ အမေရိကန်က တောင်းဆိုပါတယ်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဂျပန်နိုင်ငံအနေနဲ့ အီရန်နိုင်ငံနဲ့ ရေနံတင်သွင်းတာတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်မယ်လို့ ပြောပါတယ်။ အမေရိကန်နိုင်ငံဟာ နိုဝင်ဘာ ၅ ရက်နေ့က အီရန်နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်ချမှတ်ခဲ့ပြီး အီရန်အဖွဲ့အစည်းတွေကိုလည်း ပစ်မှတ်ထား ပြစ်ဒဏ်ချဖို့ စီစဉ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)