ဂ်ပန္မွာ ႏုိင္ငံျခားသားေတြကို အၿမဲတမ္းေနထုိင္ခြင့္ ေပးမွာမဟုတ္ဘူးလုိ႔ ဝန္ႀကီးခ်ဳပ္ ေျပာ

0
627

ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္းဇို အာေဘးက အသစ္ျပင္ဆင္လိုက္တဲ့ ဥပေဒမူၾကမ္းအရ ေနထိုင္ခြင့္နဲ႔ အလုပ္လုပ္ခြင့္ ရမယ္ဆိုရင္ေတာင္ နိုင္ငံျခားသားေတြကို ဂ်ပန္မွာ အၿမဲတမ္းေနထိုင္ခြင့္ အျမန္ခ်ေပးမွာ မဟုတ္ဘူးလို႔ ေျပာလိုက္ပါတယ္။

ဂ်ပန္မွာ အလုပ္သမား မလုံေလာက္မႈကို ေျဖရွင္းဖို႔ ဂ်ပန္ႏိုင္ငံကို ႏိုင္ငံျခားသား အလုပ္သမားေတြကို ပိုမိုခြင့္ျပဳဖို႔ ျပင္ဆင္ထားတဲ့ လူဝင္မႈႀကီးၾကပ္ေရး ဥပေဒမူၾကမ္းတစ္ရပ္ကို အစိုးရက အတည္ျပဳခဲ့ၿပီးေနာက္ ရက္ပိုင္းအတြင္းမွာပဲ ဂ်ပန္ဝန္ႀကီးခ်ဳပ္က အခုလိုေျပာခဲ့တာပါ။

ဂ်ပန္မွာ ဆယ္ႏွစ္ေက်ာ္ၾကာ ေနထိုင္ၿပီး အလုပ္လုပ္ေနတာဆိုရင္ အၿမဲတမ္း ေနထိုင္ခြင့္ရဖို႔ အခြင့္အလမ္း ရွိမလားလို႔ အဓိက အတိုက္အခံ ပါတီရဲ႕ အမတ္တစ္ဦးက ဝန္ႀကီးခ်ဳပ္ကို ေမးျမန္းခ်ိန္မွာ အခုလို ေျဖဆုိခဲ့တာ ျဖစ္ပါတယ္။

အၿမဲတမ္း ေနထိုင္ခြင့္ရဖို႔အတြက္ ေကာင္းမြန္တဲ့ အမူအက်င့္ရွိျခင္း၊ လုံေလာက္တဲ့ ပိုင္ဆိုင္မႈရွိျခင္း ဒါမွမဟုတ္ ဂ်ပန္မွာ ဆက္ၿပီး ေနထိုင္ဖို႔ လိုအပ္တဲ့ ကၽြမ္းက်င္မႈ ရွိျခင္းနဲ႔ ဂ်ပန္နိုင္ငံတြင္း ဆယ္ႏွစ္ ဒါမွမဟုတ္ ႏွစ္ရွည္ ေနထိုင္လာခဲ့ျခင္း စတဲ့ တင္းက်ပ္တဲ့ စည္းကမ္းေတြ သတ္မွတ္ထားတယ္လို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်မှာ နိုင်ငံခြားသားတွေကို အမြဲတမ်းနေထိုင်ခွင့် ပေးမှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် ပြော

ဂျပန်ဝန်ကြီးချုပ် ရှင်းဇို အာဘေးက အသစ်ပြင်ဆင်လိုက်တဲ့ ဥပဒေမူကြမ်းအရ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် ရမယ်ဆိုရင်တောင် နိုင်ငံခြားသားတွေကို ဂျပန်မှာ အမြဲတမ်းနေထိုင်ခွင့် အမြန်ချပေးမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဂျပန်မှာ အလုပ်သမား မလုံလောက်မှုကို ဖြေရှင်းဖို့ ဂျပန်နိုင်ငံကို နိုင်ငံခြားသား အလုပ်သမားတွေကို ပိုမိုခွင့်ပြုဖို့ ပြင်ဆင်ထားတဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေမူကြမ်းတစ်ရပ်ကို အစိုးရက အတည်ပြုခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ဂျပန်ဝန်ကြီးချုပ်က အခုလိုပြောခဲ့တာပါ။

ဂျပန်မှာ ဆယ်နှစ်ကျော်ကြာ နေထိုင်ပြီး အလုပ်လုပ်နေတာဆိုရင် အမြဲတမ်း နေထိုင်ခွင့်ရဖို့ အခွင့်အလမ်း ရှိမလားလို့ အဓိက အတိုက်အခံ ပါတီရဲ့ အမတ်တစ်ဦးက ဝန်ကြီးချုပ်ကို မေးမြန်းချိန်မှာ အခုလို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

အမြဲတမ်း နေထိုင်ခွင့် ရဖို့အတွက် ကောင်းမွန်တဲ့ အမူအကျင့်ရှိခြင်း၊ လုံလောက်တဲ့ ပိုင်ဆိုင်မှုရှိခြင်း ဒါမှမဟုတ် ဂျပန်မှာ ဆက်ပြီး နေထိုင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှု ရှိခြင်းနဲ့ ဂျပန်နိုင်ငံတွင်း ဆယ်နှစ် ဒါမှမဟုတ် နှစ်ရှည် နေထိုင်လာခဲ့ခြင်း စတဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေ သတ်မှတ်ထားတယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)