ခါေရွာ့ဂီ အသတ္ခံရမႈ ေဆာ္ဒီသံ႐ုံးဆီ ဓာတုလက္နက္ ကၽြမ္းက်င္သူေတြ ေစလႊတ္

0
168

ဂ်ာနယ္လစ္ ဂ်မယ္ ခါေရွာ့ဂီ အသတ္ခံရၿပီးေနာက္ ေဆာ္ဒီအာေရဗ် အစိုးရက တူရကီႏုိင္ငံရွိ ေဆာ္ဒီအာေရဗ် ေကာင္စီဝန္႐ုံးဆီ အဆိပ္နဲ႔ ဓာတုလက္နက္ ကၽြမ္းက်င္သူေတြကို ေစလႊတ္ခဲ့တယ္လို႔ တူရကီ အႀကီးတန္းအရာရွိက ေျပာပါတယ္။

ေဆာ္ဒီအစိုးရက ခါေရွာ့ဂီ အသတ္ခံရတာ ျဖစ္ေၾကာင္း ဝန္ခံခဲ့ၿပီးေနာက္ အခုလို ဓာတုလက္နက္ ကၽြမ္းက်င္သူေတြ ေစလႊတ္ခဲ့တာ ျဖစ္ပါတယ္။ ခါေရွာ့ဂီရဲ႕ သားႏွစ္ဦးက ဖခင္ရဲ႕ ႐ုပ္အေလာင္းကို အျမန္ဆံုး ျပန္ရွာေပးဖုိ႔ ေတာင္းဆုိထားပါတယ္။ ေဆာ္ဒီအာေရဗ် အစိုးရကို ျပစ္တင္ ေဝဖန္ေရးသားခဲ့တဲ့ ခါေရွာ့ဂီဟာ ၿပီးခဲ့တဲ့ ေအာက္တုိဘာ ၂ ရက္ေန႔က လက္ထပ္ဖုိ႔ စာရြက္စာတမ္း ရဖုိ႔ တူရကီရွိ ေဆာ္ဒီ ေကာင္စစ္ဝန္႐ုံးကို သြားေရာက္ခ်ိန္မွာ အသတ္ခံရတာျဖစ္ပါတယ္။

ခါေရွာ့ဂီ ေသဆံုးမႈအတြက္ ေဆာ္ဒီအာေရဗ် အစိုးရကို အေမရိကန္အပါဝင္ အေနာက္ႏုိင္ငံေတြက ျပစ္တင္ ေဝဖန္ေနပါတယ္။ ဂ်ာမယ္ရဲ႕ ႐ုပ္အေလာင္းကို လက္ရွိအခ်ိန္အထိ ရွာမေတြ႔ေသးဘဲ အက္ဆစ္နဲ႔ အစေဖ်ာက္လုိက္တာ ျဖစ္ႏုိင္ေၾကာင္း တူရကီသမၼတ အႀကံေပးက ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခါရှော့ဂီ အသတ်ခံရမှု ဆော်ဒီသံရုံးဆီ ဓာတုလက်နက် ကျွမ်းကျင်သူတွေ စေလွှတ်

ဂျာနယ်လစ် ဂျမယ် ခါရှော့ဂီ အသတ်ခံရပြီးနောက် ဆော်ဒီအာရေဗျ အစိုးရက တူရကီနိုင်ငံရှိ ဆော်ဒီအာရေဗျ ကောင်စီဝန်ရုံးဆီ အဆိပ်နဲ့ ဓာတုလက်နက် ကျွမ်းကျင်သူတွေကို စေလွှတ်ခဲ့တယ်လို့ တူရကီ အကြီးတန်းအရာရှိက ပြောပါတယ်။

ဆော်ဒီအစိုးရက ခါရှော့ဂီ အသတ်ခံရတာ ဖြစ်ကြောင်း ဝန်ခံခဲ့ပြီးနောက် အခုလို ဓာတုလက်နက် ကျွမ်းကျင်သူတွေ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ ခါရှော့ဂီရဲ့ သားနှစ်ဦးက ဖခင်ရဲ့ ရုပ်အလောင်းကို အမြန်ဆုံး ပြန်ရှာပေးဖို့ တောင်းဆိုထားပါတယ်။ ဆော်ဒီအာရေဗျ အစိုးရကို ပြစ်တင် ဝေဖန်ရေးသားခဲ့တဲ့ ခါရှော့ဂီဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က လက်ထပ်ဖို့ စာရွက်စာတမ်း ရဖို့ တူရကီရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးကို သွားရောက်ချိန်မှာ အသတ်ခံရတာဖြစ်ပါတယ်။

ခါရှော့ဂီ သေဆုံးမှုအတွက် ဆော်ဒီအာရေဗျ အစိုးရကို အမေရိကန်အပါဝင် အနောက်နိုင်ငံတွေက ပြစ်တင် ဝေဖန်နေပါတယ်။ ဂျာမယ်ရဲ့ ရုပ်အလောင်းကို လက်ရှိအချိန်အထိ ရှာမတွေ့သေးဘဲ အက်ဆစ်နဲ့ အစဖျောက်လိုက်တာ ဖြစ်နိုင်ကြောင်း တူရကီသမ္မတ အကြံပေးက ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)