လုယက္တုိက္ခုိက္ခံရမႈေတြေၾကာင့္ တရုတ္ႏိုင္ငံသားေတြကိုအကာကြယ္ေပးဖုိ႔ေတာင္းဆုိ

0
309

တရုတ္ႏုိင္ငံ  ဟာ ျပင္သစ္ႏုိင္ငံကိုေရာက္ရွိေနတဲ့ တရုတ္ ႏုိင္ငံသားေတြကို အကာကြယ္ေပးဖို႔ ျပင္သစ္ အစိုးရကိုေတာင္းဆုိလိုက္ပါတယ္။

ျပင္သစ္ ပဲရစ္ၿမိဳ႕ကိုအလွည္ပတ္သြားေရာက္ခဲ့တဲ့ တရုတ္ႏုိင္ငံသားေတြ ဟာ မ်က္ရည္ယိုဂက္စ္ေတြနဲ႔ လုယက္ခံမႈေတြျဖစ္ခဲ့ၿပီးေနာက္ တရုတ္ အစိုးရ ဟာ အခုလိုမ်ိဳးေတာင္းဆုိလိုက္တာျဖစ္ပါတယ္။

ပဲရစ္ၿမိဳ႕ကိုအလွည္ပတ္ေရာက္ရွိခဲ့တဲ့ ခ ရီးသြားေတြ အနက္မွ တရုတ္၊ ဂ်ပန္ နဲ႔ကိုရီးယားႏုိင္ငံသားေတြ ဟာ မၾကာခဏ လုယက္ခံရၿပီး ေငြေၾကးမ်ားစြာဆံုးရွံုးခဲ့ပါတယ္။

လုယက္ခံရၿပီးေနာက္ ျပင္သစ္ႏိုင္ငံရွိတရုတ္သံရံုး ဟာ  လုယက္တုိက္ခိုက္ခံရမႈေတြကို ခ်က္ျခင္း စံုစမ္းအေရးယူဖုိ႔ ေတာင္းဆုိခဲ့ပါတယ္။

တရုတ္ႏိုင္ငံသားေတြ အေနနဲ႔ ျပင္သစ္ႏုိင္ငံကိုသြားေရာက္ဖို႔ လံုျ့ခံေရး ကို သတိေပးမႈေတြလုပ္မယ္လို႔ တရုတ္ႏုိင္ငံျခားေရးဝန္ႀကီးဌာန ေျပာဆုိခြင့္ရွိသူကေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လုယက်တိုက်ခိုက်ခံရမှုတွေကြောင့် တရုတ်နိုင်ငံသားတွေကိုအကာကွယ်ပေးဖို့တောင်းဆို

တရုတ်နိုင်ငံ ဟာ ပြင်သစ်နိုင်ငံကိုရောက်ရှိနေတဲ့ တရုတ် နိုင်ငံသားတွေကို အကာကွယ်ပေးဖို့ ပြင်သစ် အစိုးရကိုတောင်းဆိုလိုက်ပါတယ်။

ပြင်သစ် ပဲရစ်မြို့ကိုအလှည်ပတ်သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံသားတွေ ဟာ မျက်ရည်ယိုဂက်စ်တွေနဲ့ လုယက်ခံမှုတွေဖြစ်ခဲ့ပြီးနောက် တရုတ် အစိုးရ ဟာ အခုလိုမျိုးတောင်းဆိုလိုက်တာဖြစ်ပါတယ်။

ပဲရစ်မြို့ကိုအလှည်ပတ်ရောက်ရှိခဲ့တဲ့ ခ ရီးသွားတွေ အနက်မှ တရုတ်၊ ဂျပန် နဲ့ကိုရီးယားနိုင်ငံသားတွေ ဟာ မကြာခဏ လုယက်ခံရပြီး ငွေကြေးများစွာဆုံးရှုံးခဲ့ပါတယ်။

လုယက်ခံရပြီးနောက် ပြင်သစ်နိုင်ငံရှိတရုတ်သံရုံး ဟာ လုယက်တိုက်ခိုက်ခံရမှုတွေကို ချက်ခြင်း စုံစမ်းအရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံသားတွေ အနေနဲ့ ပြင်သစ်နိုင်ငံကိုသွားရောက်ဖို့ လြုံ့ခံရေး ကို သတိပေးမှုတွေလုပ်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရှိသူကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)