ကမာၻေပၚမွာ တစ္ရက္ကို ဒုကၡသည္ ၁၆ ဦးႏႈန္း ေသ

0
286

ဥေရာပ ပဋိပကၡဇုန္ေတြကေနာ ျမန္မာႏိုင္ငံ၊ ရခိုင္ျပည္နယ္ အက်ပ္အတည္းအထိ ထြက္ေျပးၾကတဲ့ ဒုကၡသည္ေတြရဲ႕ ေသဆံုးမႈဟာ ၅ ေထာင္နီးပါးရွိလာၿပီး ဒီႏွစ္ထဲမွာ တစ္ရက္ကို ၁၆ ဦးႏႈန္း ေသဆံုးေနတာ ျဖစ္တယ္လို႔ ေရႊ႕ေျပာင္း အေျခခ်သူမ်ားဆိုင္ရာ ႏိုင္ငံတကာ အဖြဲ႔ (IOM) က ထုတ္ျပန္ပါတယ္။

ဒီႏွစ္အတြင္းမွာ ေျမထဲပင္လယ္ကို ျဖတ္သန္းၿပီး ဥေရာပကို ဝင္ေရာက္ဖို႔ ႀကိဳးစားတဲ့ ဒုကၡသည္ ၁ သိန္းခြဲေက်ာ္ ရွိပါတယ္။ မႏွစ္ ၂၀၁၆ ခုႏွစ္တုန္းက ၃ သိန္း ၃ ေသာင္း ရွိခဲ့ပါတယ္။ ဒီႏွစ္ဦးကစၿပီး ကမာၻတစ္လႊားမွာ ဒုကၡသည္ေတြ၊ ခိုလံႈခြင့္ ေတာင္းသူေတြ ေသဆံုးမႈ ၄၈၆၆ ဦး ရွိပါတယ္။

ပင္လယ္ကို ျဖတ္သန္းၿပီး ဥေရာပကို ဝင္ေရာက္ဖို႔အတြက္ ၂၀၁၇ ခုႏွစ္မွာ ဆိုက္ပရပ္ဟာ လမ္းေၾကာင္းသစ္ ျဖစ္လာေနပါတယ္။ ဥေရာပကို ဝင္ေရာက္ဖို႔ ေရႊ႕ေျပာင္းအေျခခ်သူ ၈၅၀ ေက်ာ္ဟာ ဆိုက္ပရပ္ကို ေလွေတြနဲ႔ ေရာက္လာခဲ့တယ္ IOM က ထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘာပေါ်မှာ တစ်ရက်ကို ဒုက္ခသည် ၁၆ ဦးနှုန်း သေ

ဥရောပ ပဋိပက္ခဇုန်တွေကနော မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် အကျပ်အတည်းအထိ ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေရဲ့ သေဆုံးမှုဟာ ၅ ထောင်နီးပါးရှိလာပြီး ဒီနှစ်ထဲမှာ တစ်ရက်ကို ၁၆ ဦးနှုန်း သေဆုံးနေတာ ဖြစ်တယ်လို့ ရွှေ့ပြောင်း အခြေချသူများဆိုင်ရာ နိုင်ငံတကာ အဖွဲ့ (IOM) က ထုတ်ပြန်ပါတယ်။

ဒီနှစ်အတွင်းမှာ မြေထဲပင်လယ်ကို ဖြတ်သန်းပြီး ဥရောပကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ ဒုက္ခသည် ၁ သိန်းခွဲကျော် ရှိပါတယ်။ မနှစ် ၂၀၁၆ ခုနှစ်တုန်းက ၃ သိန်း ၃ သောင်း ရှိခဲ့ပါတယ်။ ဒီနှစ်ဦးကစပြီး ကမ္ဘာတစ်လွှားမှာ ဒုက္ခသည်တွေ၊ ခိုလှုံခွင့် တောင်းသူတွေ သေဆုံးမှု ၄၈၆၆ ဦး ရှိပါတယ်။

ပင်လယ်ကို ဖြတ်သန်းပြီး ဥရောပကို ဝင်ရောက်ဖို့အတွက် ၂၀၁၇ ခုနှစ်မှာ ဆိုက်ပရပ်ဟာ လမ်းကြောင်းသစ် ဖြစ်လာနေပါတယ်။ ဥရောပကို ဝင်ရောက်ဖို့ ရွှေ့ပြောင်းအခြေချသူ ၈၅၀ ကျော်ဟာ ဆိုက်ပရပ်ကို လှေတွေနဲ့ ရောက်လာခဲ့တယ် IOM က ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)