အစၥလာမ္မစ္ ခါလီဖိတ္ႏိုင္ငံ တည္ေထာင္ေရးကို အင္ဒိုနီးရွား ေက်ာင္းသား ၅ ပံု ၁ ပံု ေထာက္ခံ

0
374

အင္ဒိုနီးရွားႏုိင္ငံက ေက်ာင္းသား ၅ ဦး မွာ ၁ ဦးႏႈန္းဟာ အစၥလာမ္မစ္ ခါလိဖိတ္ႏုိင္ငံ တည္ေထာင္မႈကို အားေပးေထာက္ခံတယ္လို႔ စစ္တမ္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

ဂ်ကာတာအေျခစိုက္ Mata Air ေဖာင္ေဒးရွင္းဟာ ၿပီးခဲ့တဲ့သီတင္းပတ္က စစ္တမ္းတစ္ေစာင္ ထုတ္ျပန္ခဲ့တာျဖစ္ၿပီး  အင္ဒိုနီးရွားႏုိင္ငံရွိ အထက္တန္းေက်ာင္းသားေတြနဲ႔ တကၠသိုလ္ေက်ာင္းေတြရဲ႕ ၂၀  ရာခုိင္ႏႈန္းဟာ ခါလိဖိတ္ႏိုင္ငံ တည္ေထာင္မႈကို လက္ခံတယ္လို႔ ေဖာ္ျပထားပါတယ္။

စစ္တမ္းမွာေဖာ္ျပခ်က္ အရ တကၠသိုလ္ ေက်ာင္းသား အားလံုးရဲ႕ ၁၇ ဒသမ ၈ ရာခုိင္ႏႈန္း၊ အထက္တန္းေက်ာင္းသား အားလံုးရဲ႕ ၁၈ ဒသမ ၃ ရာခိုင္ႏႈန္းဟာ ေထာက္ခံေနတာျဖစ္တယ္လို႔ ဆုိပါတယ္။

အင္ဒိုနီးရွားနုိင္ငံရွိ တကၠသိုလ္ ၂၅ ခုက ေက်ာင္းသား ၁၈၀၀ နဲ႔ အထက္တန္းေက်ာင္းသား ၂၄၀၀ ကို စစ္တမ္း ေကာက္ယူခဲ့တာျဖစ္ပါတယ္။

အင္ဒိုနီးရွားေက်ာင္းသား ၄ ပံု ၁ ပံု ဟာ ခါလီဖိတ္ႏုိင္ငံ တည္ေထာင္ဖုိ႔  ဂ်ီဟတ္လုပ္တာကိုလည္း ေထာက္ခံၾကပါတယ္။  ဒါ့အျပင္ မြတ္စလင္ေခါင္းေဆာင္ မဟုတ္သူရဲ႕ အုပ္ခ်ဳပ္မႈကိုလည္း သည္းခံမွာ မဟုတ္ဘူးလို႔ စစ္တမ္းက ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အစ္စလာမ်မစ် ခါလီဖိတ်နိုင်ငံ တည်ထောင်ရေးကို အင်ဒိုနီးရှား ကျောင်းသား ၅ ပုံ ၁ ပုံ ထောက်ခံ

အင်ဒိုနီးရှားနိုင်ငံက ကျောင်းသား ၅ ဦး မှာ ၁ ဦးနှုန်းဟာ အစ္စလာမ်မစ် ခါလိဖိတ်နိုင်ငံ တည်ထောင်မှုကို အားပေးထောက်ခံတယ်လို့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဂျကာတာအခြေစိုက် Mata Air ဖောင်ဒေးရှင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်က စစ်တမ်းတစ်စောင် ထုတ်ပြန်ခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရှိ အထက်တန်းကျောင်းသားတွေနဲ့ တက္ကသိုလ်ကျောင်းတွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ ခါလိဖိတ်နိုင်ငံ တည်ထောင်မှုကို လက်ခံတယ်လို့ ဖော်ပြထားပါတယ်။ စစ်တမ်းမှာဖော်ပြချက် အရ တက္ကသိုလ် ကျောင်းသား အားလုံးရဲ့ ၁၇ ဒသမ ၈ ရာခိုင်နှုန်း၊ အထက်တန်းကျောင်းသား အားလုံးရဲ့ ၁၈ ဒသမ ၃ ရာခိုင်နှုန်းဟာ ထောက်ခံနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံရှိ တက္ကသိုလ် ၂၅ ခုက ကျောင်းသား ၁၈၀ဝ နဲ့ အထက်တန်းကျောင်းသား ၂၄၀ဝ ကို စစ်တမ်း ကောက်ယူခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှားကျောင်းသား ၄ ပုံ ၁ ပုံ ဟာ ခါလီဖိတ်နိုင်ငံ တည်ထောင်ဖို့ ဂျီဟတ်လုပ်တာကိုလည်း ထောက်ခံကြပါတယ်။ ဒါ့အပြင် မွတ်စလင်ခေါင်းဆောင် မဟုတ်သူရဲ့ အုပ်ချုပ်မှုကိုလည်း သည်းခံမှာ မဟုတ်ဘူးလို့ စစ်တမ်းက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)