ေျမာက္ကိုရီးယား ဒံုးက်ည္ေတြကို   ဂ်ပန္ ေလထဲမွာတင္ ပစ္ခ်ႏုိင္တယ္လို႔ သမၼတ ထရမ့္ေျပာ

0
261

ဂ်ပန္ႏုိင္ငံအေနနဲ႔ အေမရိကန္ ႏုိင္ငံဆီကေန ဝယ္ယူတဲ့ စစ္လက္နက္ေတြ သံုးၿပီး ေျမာက္ကိုရီးယား ႏုိင္ငံဆီကေန ပစ္လႊတ္တဲ့ ဒံုးက်ည္ေတြကို ေလထဲမွာတင္ ပစ္ခ်ႏုိင္မယ္လို႔ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ကာ ေျပာပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇုိအာေဘးက သူ႔ႏုိင္ငံအေနနဲ႔ လုိအပ္မယ္ဆိုရင္ ဒံုးက်ည္ေတြကို ၾကားျဖတ္ပစ္ခ်သြားမယ္လို႔ ေျပာခဲ့ပါတယ္။ ေျမာက္ကိုရီးယား ႏုိင္ငံဟာ ၿပီးခဲတဲ့လေတြက ဂ်ပန္ႏုိင္ငံဆီ ျဖတ္သန္းၿပီး တာေဝးပစ္ ဒံုးက်ည္စမ္းသပ္တာေတြ လုပ္ခဲ့ပါတယ္။

အေမရိကန္ သမၼတက ဂ်ပန္ႏုိင္ငံဆီ ပထမဆံုး သြားေရာက္တဲ့ ခရီးစဥ္အတြင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႔ဆံုေဆြးေႏြးၿပီးေနာက္ အခုလို ေျပာခဲ့တာပါ၊  

အေမရိကန္ သမၼတက ဂ်ပန္ႏိုင္ငံဟာ အေမရိကန္ဆီကေန စစ္လက္နက္ပစၥည္း အမ်ားအျပား ဝယ္ယူတဲ့ႏိုင္ငံျဖစ္ၿပီး  တုိက္ခုိက္လာတဲ့ ဒံုးက်ည္ေတြကို ေလထဲမွာတင္ ပစ္ခ်ႏုိင္တယ္လို႔ ေျပာပါတယ္။

 ဂ်ပန္ႏိုင္ငံနဲ႔ အေမရိကန္ႏိုင္ငံတုိ႔ဟာ ကာကြယ္ေရးပိုင္း ပူးေပါင္းေဆာင္ရြက္မႈ ပိုမုိတုိးျမွင့္ႏုိင္ေအာင္နဲ႔ ဒံုးက်ည္ေတြ ပစ္ခ်ႏုိင္ေအာင္ ပူးေပါင္း ေဆာင္ရြက္ဖုိ႔ ေဆြးေႏြးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယား ဒုံးကျည်တွေကို ဂျပန် လေထဲမှာတင် ပစ်ချနိုင်တယ်လို့ သမ္မတ ထရမ့်ပြော

 

ဂျပန်နိုင်ငံအနေနဲ့ အမေရိကန် နိုင်ငံဆီကနေ ဝယ်ယူတဲ့ စစ်လက်နက်တွေ သုံးပြီး မြောက်ကိုရီးယား နိုင်ငံဆီကနေ ပစ်လွှတ်တဲ့ ဒုံးကျည်တွေကို လေထဲမှာတင် ပစ်ချနိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကာ ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သူ့နိုင်ငံအနေနဲ့ လိုအပ်မယ်ဆိုရင် ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချသွားမယ်လို့ ပြောခဲ့ပါတယ်။ မြောက်ကိုရီးယား နိုင်ငံဟာ ပြီးခဲတဲ့လတွေက ဂျပန်နိုင်ငံဆီ ဖြတ်သန်းပြီး တာဝေးပစ် ဒုံးကျည်စမ်းသပ်တာတွေ လုပ်ခဲ့ပါတယ်။ အမေရိကန် သမ္မတက ဂျပန်နိုင်ငံဆီ ပထမဆုံး သွားရောက်တဲ့ ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် အခုလို ပြောခဲ့တာပါ၊

အမေရိကန် သမ္မတက ဂျပန်နိုင်ငံဟာ အမေရိကန်ဆီကနေ စစ်လက်နက်ပစ္စည်း အများအပြား ဝယ်ယူတဲ့နိုင်ငံဖြစ်ပြီး တိုက်ခိုက်လာတဲ့ ဒုံးကျည်တွေကို လေထဲမှာတင် ပစ်ချနိုင်တယ်လို့ ပြောပါတယ်။ ဂျပန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ဟာ ကာကွယ်ရေးပိုင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်အောင်နဲ့ ဒုံးကျည်တွေ ပစ်ချနိုင်အောင် ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)