
0
292




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တက္ကဆက်ပြည်နယ် ဘုရားကျောင်းမှာ ပစ်ခတ်မှုဖြစ်၊ ၂၆ ဦးသေ

အမေရိကန်နိုင်ငံ၊ တက္ကဆက် ပြည်နယ်က ကျေးလက်ဒေသရှိ ခရစ်ယာန် ဘုရားကျောင်းတစ်ခုမှာ နိုဝင်ဘာ ၅ ရက်နေ့က ဝတ်ပြုနေသူတွေကို သေနတ်သမားတစ်ဦးက ရိုင်ဖယ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူပေါင်း ၂၆ ဦးသေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

သေနတ်သမားဟာ တစ်ဦးတည်းဖြစ်ပြီး ဘုရားကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သေနတ်သမားက တိုက်ခိုက်ပြီးနောက် ထွက်ပြေးခဲ့ပေမယ့် နောက်ပိုင်းမှာ သေဆုံးခဲ့တယ်လို့ တက္ကဆက်ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးက တက္ကဆက်ပြည်နယ် သမိုင်းမှာ အဆိုးရွားဆုံးနဲ့ အသေအပျောက် အများဆုံး တိုက်ခိုက်ခံရမှု ဖြစ်တယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)