ေျမာက္ကိုရီးယား ႏုိင္ငံသား ၁၈ ဦးကို ေတာင္ကိုရီးယား ပိတ္ဆုိ႔အေရးယူ

0
298

 

ေတာင္ကိုရီးယား ႏုိင္ငံက ေျမာက္ကိုရီးယားႏုိင္ငံသား ၁၈ ဦးကို ပိတ္ဆုိ႔အေရးယူမႈေတြ လုပ္လိုက္တယ္လို႔ ႏုိဝင္ဘာ ၆ ရက္ေန႔မွာ       သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေျမာက္ကိုရီးယားႏုိင္ငံရဲ႕ တရားမဝင္ေငြေၾကးေတြ ေတာင္ကိုရီးယားႏုိင္ငံဆီ စီဆင္းမႈကို ရပ္တန္ဖုိ႔ အစိတ္အပိုင္းတစ္ရပ္ အေနနဲ႔ ေျမာက္ကိုရီးယားႏုိင္ငံသား ၁၈ ဦးကို ဘ႑ေရးဆုိင္ရာ ပိတ္ဆုိ႔မႈေတြ လုပ္ခဲ့တာလို႔ ေတာင္ကိုရီးယား မီဒီယာေတြက ေဖာ္ျပပါတယ္။ ေတာင္ကိုရီးယားႏုိင္ငံဆီ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ ေရာက္ရွိဖုိ႔ ရက္ပိုင္းအလုိမွာ အခုလို ပိတ္ဆုိ႔မႈ လုပ္ခဲ့တာျဖစ္ပါတယ္။  

ေတာင္ကိုရီးယားႏုိင္ငံဟာ ေျမာက္ကိုရီးယားဘဏ္ေတြကို ဘ႑ေရးဆုိင္ရာ ပိတ္ဆုိ႔မႈေတြ လုပ္ခဲ့တယ္လို႔ ေတာင္ကိုရီးယား ဘ႑ေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။

 ကုလသမဂၢက ပိတ္ဆုိ႔မႈေတြ ျပဳလုပ္ဖုိ႔ သတ္မွတ္ထားတဲ့ ေျမာက္ကိုရီးယား ႏုိင္ငံသားေတြကို ပိတ္ဆုိ႔ခဲ့တာ ျဖစ္တယ္လုိ႔ ေတာင္ကိုရီးယား အစိုးရ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ပိတ္ဆုိ႔ခံရတဲ့သူေတြထဲမွာ ေျမာက္ကိုရီးယား ႏ်ဴကလီယားအစီစဥ္၊ ဒံုးက်ည္ဖြံ႔ၿဖိဳးေရး လုပ္ေဆာင္မႈေတြနဲ႔ ဆက္ႏႊယ္တဲ့ အဆင့္ျမင့္အရာရွိႀကီးေတြ ပါဝင္ၿပီး ေျမာက္ကိုရီးယားႏုိင္ငံကို ႏုိင္ငံျခားေငြရေအာင္ ႀကိဳးပမ္းေပးေနသူေတြ ျဖစ္တယ္လို႔ ေတာင္ကိုရီးယား မီဒီယာေတြက ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယား နိုင်ငံသား ၁၈ ဦးကို တောင်ကိုရီးယား ပိတ်ဆို့အရေးယူ

တောင်ကိုရီးယား နိုင်ငံက မြောက်ကိုရီးယားနိုင်ငံသား ၁၈ ဦးကို ပိတ်ဆို့အရေးယူမှုတွေ လုပ်လိုက်တယ်လို့ နိုဝင်ဘာ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ တရားမဝင်ငွေကြေးတွေ တောင်ကိုရီးယားနိုင်ငံဆီ စီဆင်းမှုကို ရပ်တန်ဖို့ အစိတ်အပိုင်းတစ်ရပ် အနေနဲ့ မြောက်ကိုရီးယားနိုင်ငံသား ၁၈ ဦးကို ဘဏ္ဍရေးဆိုင်ရာ ပိတ်ဆို့မှုတွေ လုပ်ခဲ့တာလို့ တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြပါတယ်။ တောင်ကိုရီးယားနိုင်ငံဆီ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရောက်ရှိဖို့ ရက်ပိုင်းအလိုမှာ အခုလို ပိတ်ဆို့မှု လုပ်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားဘဏ်တွေကို ဘဏ္ဍရေးဆိုင်ရာ ပိတ်ဆို့မှုတွေ လုပ်ခဲ့တယ်လို့ တောင်ကိုရီးယား ဘဏ္ဍရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ကုလသမဂ္ဂက ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ သတ်မှတ်ထားတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေကို ပိတ်ဆို့ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပိတ်ဆို့ခံရတဲ့သူတွေထဲမှာ မြောက်ကိုရီးယား နျူကလီယားအစီစဉ်၊ ဒုံးကျည်ဖွံ့ဖြိုးရေး လုပ်ဆောင်မှုတွေနဲ့ ဆက်နွှယ်တဲ့ အဆင့်မြင့်အရာရှိကြီးတွေ ပါဝင်ပြီး မြောက်ကိုရီးယားနိုင်ငံကို နိုင်ငံခြားငွေရအောင် ကြိုးပမ်းပေးနေသူတွေ ဖြစ်တယ်လို့ တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)