
0
286





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်နဲ့ ကုန်သွယ်မှုကို လွတ်လပ်ပြီး ဟန်ချက်ညီအောင် လုပ်မယ်လို့ သမ္မတ ထရမ့် ပြော

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ဂျပန်နိုင်ငံနဲ့ ကုန်သွယ်မှုကို လွပ်လပ်ပြီး ဟန်ချက်ညီအောင် တွန်းအားပေးသွားမယ်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ နှစ်ပေါင်းများစွာကြာ ဂျပန်နိုင်ငံနဲ့ ကုန်သွယ်မှုပြုလုပ်ရာမှာ ကြီးမားတဲ့ ကုန်သွယ်မှုတွေ လျော့နည်းခဲ့တယ်လို့လည်း သမ္မတ ထရမ့်က ပြောပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေချိန်အတွင်း ဂျပန် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေဆုံပြီးနောက် အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံကို ရောက်ရှိနေချိန်အတွင်း သမ္မတ ထရမ့်က မြောက်ကိုရီးယားရဲ့ နျူကလီယား ခြိမ်းခြောက်မှုနဲ့ ကုန်သွယ်မှုပိုင်းဆိုင်ရာတွေကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)