
0
274





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမ္မတ ပူတင်ကို ဆန္ဒပြသူ ၂၆၀ ဖမ်းဆီးခံရ

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ သမ္မတ ဗလာဒီမာ ပူတင်ကို ဆန့်ကျင် ဆန္ဒပြခဲ့သူ ၂၆၀ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဆန္ဒပြသူတွေဟာ အတိုက်အခံ ခေါင်းဆောင်ဖြစ်သူ ချီစ်လက်ဗ် မယ်ဆက်ဗ် နဲ့ ဆက်နွှယ်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ အတိုက်ခံခေါင်းဆောင် ချီစ်လက်ဗ် မယ်ဆက်ဗ် အဖွဲ့ကို အစွန်းရောက်အဖွဲ့အဖြစ် ကြေညာထားပြီး လှုပ်ရှားမှုတွေကို ပိတ်ပင်ထားပါတယ်။

အဲဒီအဖွဲ့က သမ္မတ ပူတင်ဟာ အကျင့်ပျက်ခြစားမှုတွေ လုပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ နှစ်မှာပဲ လူသိရှင်ကြား စွပ်စွဲခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာ အတိုက်ခံခေါင်းဆောင် မယ်ဆက်ဗ်ဟာ ပြည်ပနိုင်ငံမှာ တိမ်းရှောင်နေပြီး သူကို ရုရှားတရားရုံးက ဖမ်းဝရမ်းထုတ်ထားပါတယ်။

ရုရှားအစိုးရက မယ်ဆက်ဗ် ဦးဆောင်တဲ့ လှုပ်ရှားမှုတွေဟာ အစိုးရကိုဖြုတ်ချဖို့ ရည်ရွယ်ပြီး အစွန်းရောက် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)