
0
309





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန်စီးတီးကို ရှုံးနိမ့်တဲ့ပွဲမှာ ဒိုင်လူကြီးတွေ အမှားလုပ်ခဲ့တယ်လို့ အာဆင်နယ်နည်းပြ ဝေဖန်

အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးက အာဆင်နယ်နဲ့ ကစားတဲ့ပွဲမှာ ဒိုင်လူကြီးတွေရဲ့ စွမ်းဆောင်ရည်ပိုင်း ပြည်စုံလုံလောက်မှု မရှိခဲ့ကြောင်း၊ မန်စီးတီးကွင်းလယ်လူ စတာလင်က ဟန်ဆောင် ဒိုက်ထိုးခဲ့တယ်လို့ စွပ်စွဲပြစ်တင်လိုက်ပါတယ်။

စတာလင်က ဟန်ဆောင်ဒိုက်ဒိုးမှုတွေ ရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ် အိုလီဗာဟာ ပယ်နယ်တီ ပေးခဲ့တယ်လို့ နည်းပြဝင်းဂါးက ပြောပါတယ်။ ဒါ့အပြင် ဂျီဆပ် သွင်းယူတဲ့ တတိယ ဂိုးအတွက် ဆေးလ်ဗားဟာ လူကျွံဘောပုံစံမျိုး ဖြစ်ခဲ့ပေမယ့်လည်း ဒိုင်လူကြီးတွေက ခွင့်ပြုခဲ့တယ်လို့ နည်းပြ ဝင်းဂါးက စွပ်စွဲထားပါတယ်။

မန်စီးတီးဟာ အာဆင်နယ်ကို အနိုင်ရမှုကြောင့် ပရီးမီယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ဆက်လက် ရပ်တည်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)