ကြန္တီကို လက္ဆြဲႏုတ္ဆက္ဖုိ႔ ေနာက္ကေန လုိက္ၿပီး လက္ေပးမွာ မဟုတ္ဘူးလို႔  မန္ယူနည္းျပေျပာ

0
317

မန္ယူနည္းျပ ေမာ္ရင္ဟိုက သူအေနနဲ႔ ခ်ဲလ္ဆီးနည္းျပ ကြန္တီကို လက္ဆြဲႏုတ္ဆက္ဖုိ႔ ေနာက္ကေန လိုက္ၿပီး လက္ကမ္းလွမ္းမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

ခ်ဲလ္ဆီးနည္းျပ ကြန္တီဟာ မန္ယူအသင္းကို အႏုိင္ရၿပီးေနာက္ မန္ယူနည္းျပ ေမာ္ရင္ဟိုကို လက္ဆြဲႏုတ္ဆက္ခဲ့မႈ မရွိဘူးလို႔ ၿဗိတိန္ မီဒီယာေတြက ေဖာ္ျပပါတယ္။  ကြန္တီဟာ  ေမာ္ရင္ဟိုနဲ႔ လက္ဆြဲႏုတ္ဆက္ရမယ့္ အစား ကြင္းအတြင္းမွာ ခ်ဲလ္ဆီး ကစားသမားေတြနဲ႔ ေအာင္ပြဲခံခဲ့ပါတယ္။

ေမာ္ရင္ဟိုက  သူအေနနဲ႔   ကြင္းအတြင္းမွာရွိတဲ့ လူအားလံုးကို လက္ဆြဲႏုတ္ဆက္ဖုိ႔ လက္ေပးမွာျဖစ္ေပမယ့္  ေနာက္ကေနလိုုက္ၿပီး ႏုတ္ဆက္ဖုိ႔ လက္ေပးမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္၊ လက္ဆြဲႏုတ္ဆက္မႈဟာ ညီအစ္ကိုပံုစံမ်ိဳး၊ အျပန္လွန္ အေထာက္ပံေ့ပးတဲ့ ပံုစံမ်ိဳး လုပ္ေဆာင္တာျဖစ္တယ္လုိ႔လည္း နည္းျပ ေမာ္ရင္ဟိုက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကွန်တီကို လက်ဆွဲနုတ်ဆက်ဖို့ နောက်ကနေ လိုက်ပြီး လက်ပေးမှာ မဟုတ်ဘူးလို့ မန်ယူနည်းပြပြော

မန်ယူနည်းပြ မော်ရင်ဟိုက သူအနေနဲ့ ချဲလ်ဆီးနည်းပြ ကွန်တီကို လက်ဆွဲနုတ်ဆက်ဖို့ နောက်ကနေ လိုက်ပြီး လက်ကမ်းလှမ်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ချဲလ်ဆီးနည်းပြ ကွန်တီဟာ မန်ယူအသင်းကို အနိုင်ရပြီးနောက် မန်ယူနည်းပြ မော်ရင်ဟိုကို လက်ဆွဲနုတ်ဆက်ခဲ့မှု မရှိဘူးလို့ ဗြိတိန် မီဒီယာတွေက ဖော်ပြပါတယ်။ ကွန်တီဟာ မော်ရင်ဟိုနဲ့ လက်ဆွဲနုတ်ဆက်ရမယ့် အစား ကွင်းအတွင်းမှာ ချဲလ်ဆီး ကစားသမားတွေနဲ့ အောင်ပွဲခံခဲ့ပါတယ်။

မော်ရင်ဟိုက သူအနေနဲ့ ကွင်းအတွင်းမှာရှိတဲ့ လူအားလုံးကို လက်ဆွဲနုတ်ဆက်ဖို့ လက်ပေးမှာဖြစ်ပေမယ့် နောက်ကနေလိုက်ပြီး နုတ်ဆက်ဖို့ လက်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်၊ လက်ဆွဲနုတ်ဆက်မှုဟာ ညီအစ်ကိုပုံစံမျိုး၊ အပြန်လှန် အထောက်ပေံ့ပးတဲ့ ပုံစံမျိုး လုပ်ဆောင်တာဖြစ်တယ်လို့လည်း နည်းပြ မော်ရင်ဟိုက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)