ဗီယက္နမ္မွာ အင္အားျပင္း မုန္တုိင္းတုိက္လို႔ လူ ၂၇ ဦး ေသဆံုး

0
348

ဗီယက္နမ္ႏုိင္ငံ ေတာင္ပိုင္းနဲ႔ အလယ္ပိုင္းမွာ အင္အားျပင္းမုန္တုိင္း တုိက္ခတ္ခဲ့လို႔ အနည္ဆံုး ၂၇ ဦးေသဆံုးၿပီး ၂၀ ဦး ေပ်ာက္ဆံုးေနပါတယ္။

တုိက္ဖြန္းမုန္တိုင္း ဒန္မရီဟာ ႏုိဝင္ဘာ ၄ ရက္ေန႔က ဗီယက္နမ္ ကုန္တြင္းပိုင္းကို စတင္တုိက္ခတ္ခဲ့ၿပီး ေလတုိင္ႏႈန္းဟာ တစ္နာရီ ၉၀ ကီလိုမီတာ ရွိပါတယ္။ မုန္တုိင္းေၾကာင့္ အိမ္ေပါင္း ၄ ေသာင္းေက်ာ္ ပ်က္စီးခဲ့ရၿပီး လူေတြကို ေဘးလြတ္ရာကို ပို႔ေဆာင္ထားရပါတယ္။

မုန္တုိင္းေၾကာင့္ အလယ္ပိုင္းနဲ႔ ေတာင္ပိုင္းေဒသေတြမွာ မီးျပတ္ေတာက္မႈေတြ ျဖစ္ခဲ့ရပါတယ္။ နာသရမ္ၿမိဳ႕မွာ မုန္တုိင္းဒဏ္ကို ဆုိးရြားစြာ ခံစားခဲ့ရၿပီး  ျပည္ပခရီးသြား ၃ ေသာင္းေက်ာ္ကုိလည္း ေဘးလြတ္ရာဆီ ကယ္ထုတ္ခဲ့ရပါတယ္။

ဗီယက္နမ္ မုိးေလဝသ တာဝန္ရွိသူေတြက အခုတုိက္ခတ္တဲ့ မုန္တုိင္းဟာ ဗီယက္နမ္ႏုိင္ငံ ေတာင္ပိုင္းကို တိုက္ခတ္ခဲ့တဲ့ မုန္တိုင္းေတြထဲမွာ အဆုိးရြားဆံုးနဲ႔ အျပင္းထန္ဆံုးျဖစ္တယ္လုိ႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗီယက်နမ်မှာ အင်အားပြင်း မုန်တိုင်းတိုက်လို့ လူ ၂၇ ဦး သေဆုံး

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ အင်အားပြင်းမုန်တိုင်း တိုက်ခတ်ခဲ့လို့ အနည်ဆုံး ၂၇ ဦးသေဆုံးပြီး ၂၀ ဦး ပျောက်ဆုံးနေပါတယ်။

တိုက်ဖွန်းမုန်တိုင်း ဒန်မရီဟာ နိုဝင်ဘာ ၄ ရက်နေ့က ဗီယက်နမ် ကုန်တွင်းပိုင်းကို စတင်တိုက်ခတ်ခဲ့ပြီး လေတိုင်နှုန်းဟာ တစ်နာရီ ၉၀ ကီလိုမီတာ ရှိပါတယ်။ မုန်တိုင်းကြောင့် အိမ်ပေါင်း ၄ သောင်းကျော် ပျက်စီးခဲ့ရပြီး လူတွေကို ဘေးလွတ်ရာကို ပို့ဆောင်ထားရပါတယ်။

မုန်တိုင်းကြောင့် အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မီးပြတ်တောက်မှုတွေ ဖြစ်ခဲ့ရပါတယ်။ နာသရမ်မြို့မှာ မုန်တိုင်းဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရပြီး ပြည်ပခရီးသွား ၃ သောင်းကျော်ကိုလည်း ဘေးလွတ်ရာဆီ ကယ်ထုတ်ခဲ့ရပါတယ်။

ဗီယက်နမ် မိုးလေဝသ တာဝန်ရှိသူတွေက အခုတိုက်ခတ်တဲ့ မုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းကို တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အဆိုးရွားဆုံးနဲ့ အပြင်းထန်ဆုံးဖြစ်တယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)