
0
290





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရဟတ်ယာဉ်ပျက်ကျလို့ ဆော်ဒီအာရေဗျ မင်းသား တစ်ဦး သေဆုံး

 

ဆော်ဒီအာရေဗျ မင်းသားတစ်ဦးဟာ ဆော်ဒီအာရေဗျနဲ့ ယီမင်နယ်စပ်ကို သွားရောက်ချိန်မှာ ရဟတ်ယာဉ်ပျက်ကျတာကြောင့် သေဆုံးသွားခဲ့ပါတယ်။

အေဆာ ဒေသရဲ့ ဒုတိယ အုပ်ချုပ်ရေးမှူး မင်းသား မန်ဆော့ဘင်မာကွင်ဟာ တခြားတာဝန်ရှိသူတွေနဲ့အတူ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါခဲ့ပြီး လိုက်ပါခဲ့သူ အချို့လည်း သေဆုံးသွားခဲ့ပါတယ်။ ရဟတ်ယာဉ် ပျက်ရတဲ့အကြောင်း အရင်းကို အတိအကျ မသိရသေးပါဘူး။

ဆော်ဒီအာရေဗျ အစိုးရတဝန်ရှိသူတွေက  နိုဝင်ဘာ ၅ ရက်နေ့ မတိုင်ခင်က  ယီမင်နယ်စပ်ကနေ ကြားဖြတ်ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံဟာ အခုသီတင်းပတ် အတွင်း  အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် မင်းသား ၁၁ ဦးနဲ့ ဝန်ကြီး ၄ ဦးကို ရာထူးက ထုတ်ပယ်ပြီး ရက်ပိုင်း အကြာမှာပဲ အခုလို ရဟတ်ယာဉ်ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

ရဟတ်ယာဉ်ပျက်ကျလို့ ဆော်ဒီအာရေဗျ မင်းသား တစ်ဦး သေဆုံး

 

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)