
0
443






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်နိုင်ငံဖွား ဗြိတိန် နိုင်ငံသား စာရေးဆရာ နိုဘယ်ဆုရရှိ

ဂျပန်နိုင်ငံဖွား ဗြိတိန်နိုင်ငံသား စာရေးဆရာ ကာဇူရို အစ်ရှိဂူရို ဆိုသူ စာရေးဆရာဟာ ၂၀၁၇ ခုနှစ်ရဲ့ စာပေဆိုင်ရာ နိုဘယ်လ် ဆုကို ရရှိသွားခဲ့ပါတယ်။

သူဟာ ကမ္ဘာ့ကြီးနဲ့ လူသားတွေရဲ့ ကြား မှားယွင်း နက်ရိုင်းတဲ့ ယုံကြည်ချက်တွေကို ထုတ်ဖော်ပေးခဲ့တဲ့ “The Remains of the Day” ဆိုတဲ့ စာအုပ် ကို ရေးသားခဲ့လို့ နိုဘယ်ဆုကို ရရှိခဲ့တာပါ။

အစ်ရှိဂူရို ကို ၁၉၅၄ ခုနှစ်က ဂျပန်နိုင်ငံ နာဂစကီမြို့တော်မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူ့ အသက် ၅ နှစ် အရွယ်မှာ မိသားစုနှစ်အတူ အင်္ဂလန်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

သူဟာ စာပေတွေလည်း ရေးသားသလို ၊ ဇာတ်ညွှန်းတွေလည်း ရေးသားခဲ့သူပါ ၊ The Remains of the Day ဆိုတဲ့ စာအုပ်ဟာ ၁၉၈၉ ခုနှစ်မှာလည်း Man Booker ဆိုတဲ့ ဆုကိုလည်း ရရှိခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ ရုပ်ရှင်ပြန်လည်ရိုက်ကူးမှုတွေလည်း ရှိခဲ့ပါတယ်။

အဲ့ဒါအပြင် ၂၀၁၇ ခုနှစ်အတွက် အမေရိကန် နိုင်ငံသား ၃ ဦးက နိုဘယ်လ်ဆေးပညာဆိုင်ရာ ဇီဝဗေဒဆု ရရှိခဲ့သည့်အပြင် ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆုနဲ့ ရူပဗေဒဆိုင်ရာ ဆုတွေကို လည်း နိုင်ငံအသီးသီးက ရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)