ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲဝင္မယ့္ ဂ်ဴဗင္တပ္ လူစာရင္းကေန ခ်န္လွပ္ခံရတဲ့ မန္ဆူကစ္နဲ႔ အမ္ရီကမ္

0
90

ဂ်ဴဗင္တပ္ ကြင္းလယ္လူ အမ္ရီကမ္နဲ႔ တိုက္စစ္မွဴး မန္ဆူကစ္တို႔ဟာ ခ်န္ပီယံလိဂ္ အုပ္စု ၿပိဳင္ပြဲ၀င္မယ့္ အသင္း ၂၂ ဦး လူစာရင္းကေန ခ်န္လွပ္ခံလုိက္ရပါတယ္။

ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲဝင္မယ့္ အသင္းလူစာရင္းမွာ ေႏြရာသီ အေျပာင္းအေရႊ႕ ေစ်းကြက္အတြင္း ေခၚယူထားတဲ့ ကစားသမား ေျခာက္ဦး ပါဝင္ေနပါတယ္။ ခ်န္ပီယံလိဂ္ လူစာရင္းကေန ခ်န္လွပ္ခံရမႈနဲ႔ ပတ္သက္လို႔ နည္းျပ ဆာရီကို ကြင္းလယ္လူ ကမ္က စိတ္ဆိုး ေဒါသျဖစ္ေနတယ္လို႔ ကမ္နဲ႔ နီးစပ္သူေတြက ေျပာပါတယ္။

လူစာရင္းက ခ်န္လွပ္ခံရတာနဲ႔ ပတ္သက္လို႔ နည္းျပ ဆာရီက တစံုတရာ ရွင္းျပတာ မရွိတဲ့အေပၚ စိတ္ဆိုးမိတယ္လို႔ ကြင္းလယ္လူ ကမ္က ေျပာပါတယ္။ ဂ်ဴဗင္တပ္ဟာ ေလဗာကူဆင္၊ အက္သလက္တီကို မက္ဒရစ္၊ လိုကိုမိုတစ္ ေမာ္စကိုတို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္ေနၿပီး အုပ္စုပြဲစဥ္ေတြ ဒီလ ၁၇ ရက္မွာ စတင္ကစားမွာ ျဖစ္ပါတယ္။

<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>>>>

ဂျူဗင်တပ် ကွင်းလယ်လူ အမ်ရီကမ်နဲ့ တိုက်စစ်မှူး မန်ဆူကစ်တို့ဟာ ချန်ပီယံလိဂ် အုပ်စု ပြိုင်ပွဲဝင်မယ့် အသင်း ၂၂ ဦး လူစာရင်းကနေ ချန်လှပ်ခံလိုက်ရပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲဝင်မယ့် အသင်းလူစာရင်းမှာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ခေါ်ယူထားတဲ့ ကစားသမား ခြောက်ဦး ပါဝင်နေပါတယ်။ ချန်ပီယံလိဂ် လူစာရင်းကနေ ချန်လှပ်ခံရမှုနဲ့ ပတ်သက်လို့ နည်းပြ ဆာရီကို ကွင်းလယ်လူ ကမ်က စိတ်ဆိုး ဒေါသဖြစ်နေတယ်လို့ ကမ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

လူစာရင်းက ချန်လှပ်ခံရတာနဲ့ ပတ်သက်လို့ နည်းပြ ဆာရီက တစုံတရာ ရှင်းပြတာ မရှိတဲ့အပေါ် စိတ်ဆိုးမိတယ်လို့ ကွင်းလယ်လူ ကမ်က ပြောပါတယ်။ ဂျူဗင်တပ်ဟာ လေဗာကူဆင်၊ အက်သလက်တီကို မက်ဒရစ်၊ လိုကိုမိုတစ် မော်စကိုတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုပွဲစဉ်တွေ ဒီလ ၁၇ ရက်မှာ စတင်ကစားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)