အသက် ၇၃ နှစ်အရွယ် အိန္ဒိယအမျိုးသမီး အမွှာပူးမွေးဖွား

0
134




<<<<<<<<<<<>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယနိုင်ငံ၊ တောင်ပိုင်းရှိ အန်ဒါဟာ ပရာဒေ့ရှ်ပြည်နယ်မှာ အသက် ၇၃ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ မိန်းကလေး အမွှာပူး မွေးဖွားခဲ့ပါတယ်။

ဖန်ပြွန်သန္ဓေသား (IVF) အဖြစ် ဖန်တီးပြီးနောက် မိန်းကလေး အမွှာပူးကို စက်တင်ဘာလ ၅ ရက်နေ့က မွေးဖွားပေးခဲ့တာလို့ ဆရာဝန်တွေက ပြောပါတယ်။ မိခင်ရော ကလေးတွေပါ ကျန်းမာတယ်လို့ ဒေါက်တာ ကူးမား ဆန်ကာက ပြောပါတယ်။

အသက် ၇၃ နှစ်ရှိ မန်ဂါယမ်မာ ယရာမာတီက သူရော အသက် ၈၀ ရှိ သူ့ခင်ပွန်း ဆီတာရာမာ ရာဂျာရာအိုပါ ကလေး အလွန်လိုချင်ခဲ့ကြောင်း၊ အခု အလွန်ပျော်ရွှင်ကြောင်း ပြောပါတယ်။ သူတို့ လင်မယားဟာ ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကြိုးပမ်းခဲ့ပြီး နှစ်လအကြာမှာ ကိုယ်ဝန်ရရှိခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ အကြိမ်ပေါင်းများစွာ ဆရာဝန်ပေါင်း များစွာနဲ့ ကလေးရဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)