
0
95




စစ်အတွင်း အလုပ်သမားအရေး သဘာတူညီချက် တောင်ကိုရီးယား လိုက်နာရမယ်လို့ ဂျပန် ဝန်ကြီးချုပ် ပြော


စစ်အတွင်း အလုပ်သမား အရေးကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်နဲ့အကြား သဘောတူညီချက်ကို တောင်ကိုရီးယားက လိုက်နာရမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်းဇို အာဘေးက ပြောပါတယ်။


အစိုးရအဖွဲ့အတွင်း ဝန်ချုပ်ကြီးဟောင်း တာကဲအို ခါဝါမူရာနဲ့ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ ဝန်ကြီးချုပ်က အဲဒီလို မှတ်ချက်ပြုခဲ့တာပါ။ မစ္စတာ ခါဝါမူရာဟာ စက်တင်ဘာလ ၂ ရက်နေ့က ဆိုးလ်မြို့မှာ တောင်ကိုရီးယား ဝန်ကြီးချုပ် လီနတ်ယွန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


သူတို့ဟာ စစ်အတွင်းက အလုပ်သမား အရေးကိစ္စနဲ့ စစ်ဘက် သတင်းအချက်အလက်ဆိုင်ရာ အထွေထွေ လုံခြုံရေး သဘောတူညီချက် (GSOMIA) စာချုပ်ကို ပြန်လည် ဆွေးနွေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)