
0
74




မြောက်ကိုရီးယား နိုင်ငံရှိ ဝန်ထမ်းတွေ မလျှော့စေဖို့ ကုလသမဂ္ဂ လုပ်ဆောင်မယ်


မြောက်ကိုရီးယား နိုင်ငံအတွင်းရှိ ကုလသမဂ္ဂ ဝန်ထမ်းအရေအတွက် မလျှော့ချအောင် ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ကုလသမဂ္ဂ ဝန်ထမ်းတွေဟာ မြောက်ကိုရီးယား နိုင်ငံအပေါ် လိုအပ်တဲ့ကူညီမှုကို မလုပ်ဆောင်နိုင်ဘဲ နိုင်ငံရေးဆန်တဲ့ လုပ်ရပ်တွေ လုပ်နေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားပါတယ်။ မြောက်ကိုရီးယား နိုင်ငံမှာ ကျန်းမာရေး၊ စားနပ်ရိက္ခာ လိုအပ်ချက်နဲ့ အာဟာရ ဖြည့်တင်းနိုင်ဖို့ ကုလသမဂ္ဂက ဝန်ထမ်းတွေ ဖြန့်ကြက်ချထားပါတယ်။


မြောက်ကိုရီးယား နိုင်ငံရှိ လူဦးရေရဲ့ တစ်ဝက်နီးပါး ၁၀ သန်းကျော်ဟာ အစားအစာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ရေကြီးမှု၊ မိုးခေါင်မှုနဲ့ ပိတ်ဆို့မှုတွေကြောင့် မြောက်ကိုရီးယား နိုင်ငံဟာ ဒီနှစ်မှာ စားနပ်ရိက္ခာ လိုအပ်ချက်တွေ ရှိနေပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)