သက္တမ္းရွည္ ဇင္ဘာေဘြ အာဏာရွင္ေဟာင္း ေရာဘတ္ မူဂါဘီ ကြယ္လြန္

0
87

၂၀၁၇ ခုႏွစ္မွာ ႏုတ္ထြက္လိုက္ရတဲ့ ဇင္ဘာေဘြရဲ႕ သက္တမ္းရွည္ အာဏာရွင္ေဟာင္း ေရာဘတ္ မူဂါဘီဟာ အသက္ ၉၅ ႏွစ္အရြယ္ ဒီေန႔ စက္တင္ဘာလ ၆ ရက္ေန႔က စင္ကာပူႏိုင္ငံရွိ ေဆး႐ံုတစ္႐ံုမွာ ကြယ္လြန္သြားပါတယ္။

မူဂါဘီ ဇင္ဘာေဘြႏိုင္ငံကို ၃၇ ႏွစ္ၾကာ အုပ္စိုးစဥ္အတြင္း စီးပြားေရးအရ ပ်က္စီးယိုယြင္းခဲ့ၿပီး ေရြးေကာက္ပြဲမွာ အျငင္းပြားတာ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာေတြ ျဖစ္ခဲ့ပါတယ္။ မူဂါဘီကို ဆက္ဆံသူ သမၼတ အမ္မာဆန္ မန္ဂါဂဝါက မူဂါဘီ ေသဆံုးေၾကာင္း အတည္ျပဳခဲ့ေပမယ့္ အေသးစိတ္ ေျပာၾကားျခင္း မရွိပါဘူး။

၁၉၈၀ ျပည့္ႏွစ္တုန္းက လူျဖဴ လူနည္းစု အုပ္ခ်ဳပ္မႈကို အဆံုးသတ္ၿပီး မူဂါဘီဟာ အာဏာ ရယူႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ အုပ္ခ်ဳပ္မႈပိုင္းအတြင္း မသမာမႈေတြ ရွိလာၿပီး စစ္တပ္က ဝင္ေရာက္စြက္ဖက္မႈ၊ လႊတ္ေတာ္မွာ မူဂါဘီကို အယံုအၾကည္ မရွိ အဆိုတင္သြင္းမႈ၊ လမ္းမေပၚမွာ ဆႏၵျပမႈေတြ ျဖစ္ေပၚၿပီးေနာက္ မူဂါဘီ ႏုတ္ထြက္ခဲ့ရပါတယ္။

သက်တမ်းရှည် ဇင်ဘာဘွေ အာဏာရှင်ဟောင်း ရောဘတ် မူဂါဘီ ကွယ်လွန်


၂၀၁၇ ခုနှစ်မှာ နုတ်ထွက်လိုက်ရတဲ့ ဇင်ဘာဘွေရဲ့ သက်တမ်းရှည် အာဏာရှင်ဟောင်း ရောဘတ် မူဂါဘီဟာ အသက် ၉၅ နှစ်အရွယ် ဒီနေ့ စက်တင်ဘာလ ၆ ရက်နေ့က စင်ကာပူနိုင်ငံရှိ ဆေးရုံတစ်ရုံမှာ ကွယ်လွန်သွားပါတယ်။


မူဂါဘီ ဇင်ဘာဘွေနိုင်ငံကို ၃၇ နှစ်ကြာ အုပ်စိုးစဉ်အတွင်း စီးပွားရေးအရ ပျက်စီးယိုယွင်းခဲ့ပြီး ရွေးကောက်ပွဲမှာ အငြင်းပွားတာ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဖြစ်ခဲ့ပါတယ်။ မူဂါဘီကို ဆက်ဆံသူ သမ္မတ အမ်မာဆန် မန်ဂါဂဝါက မူဂါဘီ သေဆုံးကြောင်း အတည်ပြုခဲ့ပေမယ့် အသေးစိတ် ပြောကြားခြင်း မရှိပါဘူး။


၁၉၈၀ ပြည့်နှစ်တုန်းက လူဖြူ လူနည်းစု အုပ်ချုပ်မှုကို အဆုံးသတ်ပြီး မူဂါဘီဟာ အာဏာ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အုပ်ချုပ်မှုပိုင်းအတွင်း မသမာမှုတွေ ရှိလာပြီး စစ်တပ်က ဝင်ရောက်စွက်ဖက်မှု၊ လွှတ်တော်မှာ မူဂါဘီကို အယုံအကြည် မရှိ အဆိုတင်သွင်းမှု၊ လမ်းမပေါ်မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ပြီးနောက် မူဂါဘီ နုတ်ထွက်ခဲ့ရပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)