
0
106




အမှုနိုင်သွားတဲ့အတွက် လျော်ကြေးရမယ့် တရုတ်မင်းသမီး ဖန်ဘင်းဘင်း


အမှုနိုင်သွားတဲ့အတွက် တရုတ်နာမည်ကြီး မင်းသမီး ဖန်ဘင်းဘင်းဟာ လျှော်ကြေးအဖြစ် တရုတ်ယွမ် ၁၆၁၅၀ဝ ရရှိမှာ ဖြစ်ပါတယ်။


မလျော်ကန်တဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးတွေ ရှိနေတယ်လို့ စွပ်စွဲရေးသားခဲ့တဲ့ အသက် ၃၇ နှစ်အရွယ်ရှိ ချန်ယွမ်ပန် ဆိုသူထံကနေ လျှော်ကြေးရမှာ ဖြစ်တယ်လို့ ဖန်ဘင်းဘင်းက ပြောပါတယ်။ ဖန်ဘင်းဘင်းကို အသရေပျက်အောင် ပြုလုပ်ခဲ့တဲ့ ချန်ယွမ်ပန်ကို လျှော်ကြေးအပြင် တရုတ်နိုင်ငံသုံး လူမူကွန်ရက် Weibo ကနေ ၇ ရက်ကြာ လူသိရှင်ကြား ပြန်တောင်းပန်ရမယ်လို့ ဘေဂျင်းတရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။


ချန်ယွမ်ပန်ဟာ မနှစ်တုန်းက အခွန်တိမ်းရှောင်မှုနဲ့ ယွမ် ၈၈၄ သန်း ဒဏ်ရိုက်ခံရတဲ့ မင်းသမီး ဖန်ဘင်းဘင်း ထိခိုက်နစ်နာစေတဲ့ စာသား၊ ပို့စ်တွေကို ၂၀၁၈ ခုနှစ်ဇူလိုင်လကနေ ဒီနှစ် ဇန်နဝါရီလအထိ စွပ်စွဲရေးသားခဲ့တယ်လို့ ဖန်ဘင်းဘင်းရဲ့ရှေ့နေအဖွဲ့က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)