1MDB  ရန္ပံုေငြနဲ႔ ပတ္သက္လုိ႔ သက္ေသခံမယ့္သူေတြ  စိုးရိမ္ေၾကာက္ရြံေန

0
293

မေလးရွား ဖြံၿဖိဳးတုိးတက္ေရး ရန္ပံုေငြ (1MDB)  နဲ႔ပတ္သက္လို႔ သက္ေသခံမယ္လူ အမ်ားစုဟာ သူတုိ႔ ေဘးအႏၱရာယ္ျဖစ္မွာကို စိုးရိမ္ေၾကာက္ရြံေနတယ္လို႔ အေမရိကန္ FBI  ေထာက္လွမ္းေရးအဖြဲ႔က ေျပာပါတယ္။

1MDB   စုစုေပါင္းရန္ပံုေငြ အားလံုးရဲ႕ အေမရိကန္ေဒၚလာ ၄ ဒသမ ၅ ဘီလီယံ ဟာ အက်င့္ပ်က္ လာဘ္စားခံရၿပီး အဲဒီ မေလးရွားဖြံၿဖိဳးေရး ရန္ပံုေငြအဖြဲ႔မွာ မေလးရွားအစိုးရ အဆင့္ျမင့္အရာရွိႀကီးေတြ ပါဝင္ေနပါတယ္။

မေလးရွား အဆင္ျမင့္ အရာရွိႀကီးေတြအျပင္ ဝန္ႀကီးခ်ဳပ္ နာဂ်စ္ဟာလည္း ရန္ပံုေငြ အ႐ႈပ္အေထြးမွာ ပါဝင္မႈေတြ ရွိေနတယ္လို႔ စြပ္စြဲခံထားရပါတယ္။ 1MDB    အဖြဲ႔ရဲ႕ ရန္ပံုေငြ ေပ်ာက္ဆံုးမႈ၊ ဆံုး႐ံႈးမႈေတြနဲ႔ ပတ္သက္ၿပီး ႏုိင္ငံေပါင္း ၆ ႏုိင္ငံမွာ စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။

1MDB     အဖြဲ႔ကို မေလးရွားဝန္ႀကီးခ်ဳပ္ နာဂ်စ္ရာဇက္က ၂၀၀၉ ခုႏွစ္မွာ စတင္ တည္ေထာင္ခဲ့ၿပီး သူ႔အေနနဲ႔ အမွားအယြင္း မလုပ္ခဲ့ဘူးလို႔ တံု႔ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

1MDB ရန်ပုံငွေနဲ့ ပတ်သက်လို့ သက်သေခံမယ့်သူတွေ စိုးရိမ်ကြောက်ရွံနေ

မလေးရှား ဖွံဖြိုးတိုးတက်ရေး ရန်ပုံငွေ (1MDB) နဲ့ပတ်သက်လို့ သက်သေခံမယ်လူ အများစုဟာ သူတို့ ဘေးအန္တရာယ်ဖြစ်မှာကို စိုးရိမ်ကြောက်ရွံနေတယ်လို့ အမေရိကန် FBI ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။

1MDB စုစုပေါင်းရန်ပုံငွေ အားလုံးရဲ့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ ဟာ အကျင့်ပျက် လာဘ်စားခံရပြီး အဲဒီ မလေးရှားဖွံဖြိုးရေး ရန်ပုံငွေအဖွဲ့မှာ မလေးရှားအစိုးရ အဆင့်မြင့်အရာရှိကြီးတွေ ပါဝင်နေပါတယ်။

မလေးရှား အဆင်မြင့် အရာရှိကြီးတွေအပြင် ဝန်ကြီးချုပ် နာဂျစ်ဟာလည်း ရန်ပုံငွေ အရှုပ်အထွေးမှာ ပါဝင်မှုတွေ ရှိနေတယ်လို့ စွပ်စွဲခံထားရပါတယ်။ 1MDB အဖွဲ့ရဲ့ ရန်ပုံငွေ ပျောက်ဆုံးမှု၊ ဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံပေါင်း ၆ နိုင်ငံမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ 1MDB အဖွဲ့ကို မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က ၂၀ဝ၉ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး သူ့အနေနဲ့ အမှားအယွင်း မလုပ်ခဲ့ဘူးလို့ တုံ့ပြန်ထားပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)