ဘာစီလိုနာဥက္ကဋ္ဌ ပြောဆိုတာတွေဟာ ပျက်လုံးတွေသာ ဖြစ်တယ်လို့ နေမာ တုံ့ပြန်

0
312

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာ က အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာအသင်း ဥက္ကဋ္ဌဘာတိုမီယူ ရဲ့မှတ်ချက်တွေ ဟာ ပျက်လုံးတွေသာဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်လိုက်ပါတယ်။

ဘာတိုမီယူ ဟာ နေမာရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးသူရဲ့ Instsgram ကတဆင့်ပြောဆိုရာမှာ နေမာကို ပီအက်စ်ဂျီအသင်းဆီပြောင်းစေဖို့ နေမာရဲ့ ကစားသမားအေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ နေမာရဲ့ ဖခင်က တွန်းအားပေးခဲ့တယ်လို့ဖော်ပြပါတယ်။

အဲဒီဖော်ပြမှုတွေနဲ့ ပတ်သက်ပြီးနေမာက ဘာစီလိုနာအသင်း ဥက္ကဋ္ဌပြောဆိုတာတွေ ဟာမှန်ကန်မှုမရှိဘဲ ပျက်လုံးတွေသာဖြစ်တယ်လို့ ပြောပါတယ်။

နေမာ ဟာ အပြောင်းအရွှေ့ကာလအတွင်းဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းဆီ ကမာ့္ဘစံချိန်တင် ပြောင်းရွှေ့ကြေးပေါင် ၁၉၈ သန်းနဲ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)