Social Distancing နဲ့ ကျင်းပခဲ့ရတဲ့ ကိုရီးယား အော်စကာဆုပေးပွဲ

0
398

တောင်ကိုရီးယားနိုင်ငံရဲ့ အော်စကာဆုပေးပွဲလို့ တင်စားရတဲ့ အထင်ကရ အနုပညာဆုချီးမြှင့်ပွဲဖြစ်တဲ့ Baeksang Arts Awards ဆုပေးပွဲကို နှစ်စဉ် ဖေဖဝါရီလမှာ ကျင်းပပြုလုပ်ပေမယ့် ယခုနှစ် ၂၀၂၀ မှာတော့ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတာကြောင့် ဇွန်လ ၅ ရက်နေ့ကမှ ကျင်းပနိုင်ခဲ့ပါတယ်။

နှစ်စဉ် ပရိသတ်ပေါင်း သောင်းချီပြီး တက်ရောက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ တစ်ကြိုစာရင်းမှာ ပါဝင်ထားတဲ့ အနုပညာရှင် အနည်းငယ်နဲ့သာ Social Distancing ပြုလုပ်ပြီး ကျင်းပခဲ့ကာ တောင်ကိုရီးယား ရုပ်သံလိုင်းဖြစ်တဲ့ JTBC နဲ့ အွန်လိုင်းချန်နယ်တစ်ခုဖြစ်တဲ့ Vlive channel တို့မှ တိုက်ရိုက်ထုတ်လွင့် ပြသခဲ့ပါတယ်။ ၅၆ ကြိမ်မြောက် ကျင်းပခဲ့တဲ့ Baeksang Arts Awards မှာ ယခင်နှစ်တွေကလိုပဲ ရုပ်ရှင်နယ်ပယ်အတွက် ထူးချွန်ဆုများနဲ့ ရုပ်သံဇာတ်လမ်း နယ်ပယ်အတွက် ထူးချွန်ဆုများကို ပေးအပ်ခဲ့ပါတယ်။

ရုပ်ရှင်နယ်ပယ်အတွက် ထူးချွန်ဆုများကို ပေးအပ်ခဲ့ရာမှာတော့ အော်စကာဆုရခဲ့တဲ့ Parasite ရုပ်ရှင်က အကောင်းဆုံး ရုပ်ရှင်ထူးချွန်ဆုနဲ့ အထူးဆုကိုရရှိခဲ့ကာ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို ဂင်ဘိုရာ (House of Hummingbird) က ရရှိခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို မင်းသားကြီး လီဗြောင်ဟွန်းက The Man Standing Next Door ရုပ်ရှင်နဲ့ ရရှိခဲ့ကာ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကို ဂျောင်ဒိုယောင်းက Happy Birthday ရုပ်ရှင်နဲ့ ရရှိခဲ့ပါတယ်။ ဇာတ်ပို့ဆုတွေကိုတော့ လီကွမ်ဆိုးက Inseparable Bros ၊ ကင်ဆယ်ဘောက်က House of Hummingbird တို့နဲ့ ရရှိခဲ့ပြီး အကောင်းဆုံး မျက်နှာသစ် သရုပ်ဆောင်ဆုများကို ဘတ်မြောင်ဟွန်းက Parasite ရုပ်ရှင်၊ ကန်မယ်ဂန်းက Lucky Chan Sil ရုပ်ရှင်ဇာတ်ကားများနဲ့ အသီးသီးရရှိခဲ့ကြပါတယ်။

ရုပ်သံဇာတ်လမ်း နယ်ပယ်အတွက် ထူးချွန်ဆုများကို ချီးမြှင့်ခဲ့ရာမှာတော့ အထူးဆုကို When the Camellia Blooms ရုပ်သံဇာတ်လမ်းကရရှိခဲ့ကာ အကောင်းဆုံး ရုပ်သံဇာတ်လမ်းဆုကို Stove League ရုပ်သံဇာတ်လမ်းက လည်းကောင်း၊ အကောင်းဆုံး ဒါရိုက်တာဆုကို မိုဝမ်အီက The World of the Married ရုပ်သံဖြင့် ရရှိခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ကန်ဟနူးက When the Camellia Blooms ရုပ်သံဇာတ်လမ်းဖြင့် လည်းကောင်း၊ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကို ကင်ဟီအေးက World of the Married ရုပ်သံဇာတ်လမ်းတွဲဖြင့် ရရှိခဲ့ကြပါတယ်။ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ကင်ဆုံယောင်းက Crash Landing on You ရုပ်သံဖြင့် လည်းကောင်း အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို အိုဂျန်ဆယ်က When the Camellia Blooms ဖြင့်လည်းကောင်း၊ အကောင်းဆုံး အမျိုးသမီး မျက်နှာသစ် သရုပ်ဆောင်ဆုကို ကင်ဒါမီက Itaewon Class ရရှိခဲ့သလို အကောင်းဆုံး အမျိုးသား မျက်နှာသစ် သရုပ်ဆောင်ဆုကို အန်ဟျိုဆော့ က Dr. Romantic 2 ဖြင့် ရရှိခဲ့ပါတယ်။

အထူးဆုအဖှဈ ဖကရြှငြ Icon ဆုကို ဆိုဂွီဟေးက Crash Landing on You ရုပသြံဖှင့ရြရှိခဲ့ကာ TikTok Popularity Award ကိုတော့ Crash Landing on You ရုပသြံဇာတလြမြးမှ ဟှနဘြငြးနဲ့ ဆှနရြီဂငွြးတို့ စုံတှဲက ရရှိခဲ့ပါတယြ။

_____________________

_____________________

Social Distancing နဲ့ ကငြျးပခဲ့ရတဲ့ ကိုရီးယား အောျစကာဆုပေးပှဲ

တောင်ကိုရီးယားနိုင်ငံရဲ့ အော်စကာဆုပေးပွဲလို့ တင်စားရတဲ့ အထင်ကရ အနုပညာဆုချီးမြှင့်ပွဲဖြစ်တဲ့ Baeksang Arts Awards ဆုပေးပွဲကို နှစ်စဉ် ဖေဖဝါရီလမှာ ကျင်းပပြုလုပ်ပေမယ့် ယခုနှစ် ၂၀၂၀ မှာတော့ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတာကြောင့် ဇွန်လ ၅ ရက်နေ့ကမှ ကျင်းပနိုင်ခဲ့ပါတယ်။

နှစ်စဉ် ပရိသတ်ပေါင်း သောင်းချီပြီး တက်ရောက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ တစ်ကြိုစာရင်းမှာ ပါဝင်ထားတဲ့ အနုပညာရှင် အနည်းငယ်နဲ့သာ Social Distancing ပြုလုပ်ပြီး ကျင်းပခဲ့ကာ တောင်ကိုရီးယား ရုပ်သံလိုင်းဖြစ်တဲ့ JTBC နဲ့ အွန်လိုင်းချန်နယ်တစ်ခုဖြစ်တဲ့ Vlive channel တို့မှ တိုက်ရိုက်ထုတ်လွင့် ပြသခဲ့ပါတယ်။ ၅၆ ကြိမ်မြောက် ကျင်းပခဲ့တဲ့ Baeksang Arts Awards မှာ ယခင်နှစ်တွေကလိုပဲ ရုပ်ရှင်နယ်ပယ်အတွက် ထူးချွန်ဆုများနဲ့ ရုပ်သံဇာတ်လမ်း နယ်ပယ်အတွက် ထူးချွန်ဆုများကို ပေးအပ်ခဲ့ပါတယ်။

ရုပ်ရှင်နယ်ပယ်အတွက် ထူးချွန်ဆုများကို ပေးအပ်ခဲ့ရာမှာတော့ အော်စကာဆုရခဲ့တဲ့ Parasite ရုပ်ရှင်က အကောင်းဆုံး ရုပ်ရှင်ထူးချွန်ဆုနဲ့ အထူးဆုကိုရရှိခဲ့ကာ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို ဂင်ဘိုရာ (House of Hummingbird) က ရရှိခဲ့ပါတယ်။ 

အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို  မင်းသားကြီး လီဗြောင်ဟွန်းက The Man Standing Next Door ရုပ်ရှင်နဲ့ ရရှိခဲ့ကာ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကို ဂျောင်ဒိုယောင်းက Happy Birthday ရုပ်ရှင်နဲ့ ရရှိခဲ့ပါတယ်။ ဇာတ်ပို့ဆုတွေကိုတော့ လီကွမ်ဆိုးက Inseparable Bros ၊ ကင်ဆယ်ဘောက်က House of Hummingbird တို့နဲ့ ရရှိခဲ့ပြီး အကောင်းဆုံး မျက်နှာသစ် သရုပ်ဆောင်ဆုများကို ဘတ်မြောင်ဟွန်းက Parasite ရုပ်ရှင်၊ ကန်မယ်ဂန်းက Lucky Chan Sil ရုပ်ရှင်ဇာတ်ကားများနဲ့ အသီးသီးရရှိခဲ့ကြပါတယ်။

ရုပ်သံဇာတ်လမ်း နယ်ပယ်အတွက် ထူးချွန်ဆုများကို ချီးမြှင့်ခဲ့ရာမှာတော့ အထူးဆုကို When the Camellia Blooms ရုပ်သံဇာတ်လမ်းကရရှိခဲ့ကာ အကောင်းဆုံး ရုပ်သံဇာတ်လမ်းဆုကို Stove League ရုပ်သံဇာတ်လမ်းက လည်းကောင်း၊ အကောင်းဆုံး ဒါရိုက်တာဆုကို မိုဝမ်အီက The World of the Married ရုပ်သံဖြင့် ရရှိခဲ့ပါတယ်။ 

အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ကန်ဟနူးက When the Camellia Blooms ရုပ်သံဇာတ်လမ်းဖြင့် လည်းကောင်း၊ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကို ကင်ဟီအေးက World of the Married ရုပ်သံဇာတ်လမ်းတွဲဖြင့် ရရှိခဲ့ကြပါတယ်။ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ကင်ဆုံယောင်းက Crash Landing on You ရုပ်သံဖြင့် လည်းကောင်း အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို အိုဂျန်ဆယ်က When the Camellia Blooms ဖြင့်လည်းကောင်း၊ အကောင်းဆုံး အမျိုးသမီး မျက်နှာသစ် သရုပ်ဆောင်ဆုကို ကင်ဒါမီက Itaewon Class ရရှိခဲ့သလို အကောင်းဆုံး အမျိုးသား မျက်နှာသစ် သရုပ်ဆောင်ဆုကို အန်ဟျိုဆော့ က Dr. Romantic 2 ဖြင့် ရရှိခဲ့ပါတယ်။

အထူးဆုအဖြစ် ဖက်ရှင် Icon ဆုကို ဆိုဂျီဟေးက Crash Landing on You ရုပ်သံဖြင့်ရရှိခဲ့ကာ TikTok Popularity Award ကိုတော့ Crash Landing on You ရုပ်သံဇာတ်လမ်းမှ ဟွန်ဘင်းနဲ့ ဆွန်ရီဂျင်းတို့ စုံတွဲက ရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)