မာလီရှိ အယ်လ်ကေးဒါး ခေါင်းဆောင်ကို ပြင်သစ်တပ်ဖွဲ့ သုတ်သင်

0
254

အနောက်အာဖရိက၊ မာလီနိုင်ငံရှိ အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အဗ္ဗဒယ်မာလစ် ဒရိုကေးကို ပြင်သစ် စစ်တပ်က သုတ်သင်လိုက်ပါတယ်။

ဇွန်လ ၃ ရက်နေ့က မာလီနိုင်ငံမြောက်ပိုင်း စစ်ဆင်ရေးအတွင်း အယ်လ်ကေးဒါး ခေါင်းဆောင်နဲ့ သူ့အပေါင်းအပါတွေကို ပြင်သစ် တပ်ဖွဲ့ဝင်တွေက သုတ်သင်လိုက်တာလို့ ပြင်သစ်ကာကွယ်ရေး ဝန်ကြီး ဖလောရင့် ပါလီက ပြောပါတယ်။

ဒရိုကေးဟာ ၂၀၀၄ ခုနှစ်ကတည်းက ဆာလာဖစ်အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်နေသူပါ။ ဒီအုပ်စုဟာ မြောက်အာဖရိက နိုင်ငံတွေဖြစ်တဲ့ တူနီးရှား၊ မာလီ၊ မော်ရီတာနီးယား၊ အယ်လ်ဂျီးရီးယားနဲ့ ဘာကီနာ ဖူဆိုတို့မှာ လှုပ်ရှားနေပြီး တိုက်ခိုက်မှုတွေ၊ ပြန်ပေးဆွဲမှုတွေကို ၂၀၀၆ ခုနှစ်ကတည်းကစပြီး အယ်လ်ကေးဒါး အဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်နေတာပါ။


______________________

______________________

မာလီရှိ အယ်လ်ကေးဒါး ခေါင်းဆောင်ကို ပြင်သစ်တပ်ဖွဲ့ သုတ်သင်

အနောက်အာဖရိက၊ မာလီနိုင်ငံရှိ အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အဗ္ဗဒယ်မာလစ် ဒရိုကေးကို ပြင်သစ် စစ်တပ်က သုတ်သင်လိုက်ပါတယ်။

ဇွန်လ ၃ ရက်နေ့က မာလီနိုင်ငံမြောက်ပိုင်း စစ်ဆင်ရေးအတွင်း အယ်လ်ကေးဒါး ခေါင်းဆောင်နဲ့ သူ့အပေါင်းအပါတွေကို ပြင်သစ် တပ်ဖွဲ့ဝင်တွေက သုတ်သင်လိုက်တာလို့ ပြင်သစ်ကာကွယ်ရေး ဝန်ကြီး ဖလောရင့် ပါလီက ပြောပါတယ်။

ဒရိုကေးဟာ ၂၀၀၄ ခုနှစ်ကတည်းက ဆာလာဖစ်အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်နေသူပါ။ ဒီအုပ်စုဟာ မြောက်အာဖရိက နိုင်ငံတွေဖြစ်တဲ့ တူနီးရှား၊ မာလီ၊ မော်ရီတာနီးယား၊ အယ်လ်ဂျီးရီးယားနဲ့ ဘာကီနာ ဖူဆိုတို့မှာ လှုပ်ရှားနေပြီး တိုက်ခိုက်မှုတွေ၊ ပြန်ပေးဆွဲမှုတွေကို ၂၀၀၆ ခုနှစ်ကတည်းကစပြီး အယ်လ်ကေးဒါး အဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်နေတာပါ။

ဒီအကြမ်းဖက်အဖွဲ့ကို ဖြိုခွင်းနိုင်ခဲ့လို့ ပါဝင်တိုက်ခိုက်ခဲ့သူတွေကို ဂုဏ်လည်းယူ၊ ကျေးဇူးလည်း တင်တယ်လို့ ဝန်ကြီး ပါလီက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)