WHO ကနေ နုတ်ထွက်မယ်လို့ ဘရာဇီး ခြိမ်းခြောက်

0
294

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လုပ်ကိုင်ပုံတွေကို မကြိုက်လို့ အဖွဲ့ကနေ နုတ်ထွက်မယ်လို့ ဘရာဇီး သမ္မတ ဘိုလ်ဆိုနာရိုက ဒီနေ့ ဇွန်လ ၆ ရက်နေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုက WHO ကနေ နုတ်ထွက်ရင် ဘရာဇီးကလည်း အဲဒီလို လိုက်လုပ်မှာဖြစ်ကြောင်း၊ WHO ဟာ စံပြအဖွဲ့အစည်းအဖြစ် မလုပ်ဘူးဆိုရင် ဒီအဖွဲ့ကနေ နုတ်ထွက်ရမှာ ဖြစ်ကြောင်း သမ္မတ အိမ်တော်ရှေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘရာဇီး သမ္မတက ပြောသွားတာပါ။


____________________

____________________

WHO ကနေ နုတ်ထွက်မယ်လို့ ဘရာဇီး ခြိမ်းခြောက်

ဘရာဇီးဟာ လက်တင် အမေရိကမှာ COVID-19 ရောဂါ အထိအနာဆုံး နိုင်ငံဖြစ်နေပြီး ရောဂါကြောင့် သေဆုံးသူ ၃၅၀၀၀ ကျော် ရှိနေပါပြီး တခြားနိုင်ငံတွေထက်စာရင် သေဆုံးမှုနှုန်း တတိယအများဆုံး ဖြစ်နေပါတယ်။ ဘရာဇီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၆၄၆၀၀၀ ကျော် ရှိနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လုပ်ကိုင်ပုံတွေကို မကြိုက်လို့ အဖွဲ့ကနေ နုတ်ထွက်မယ်လို့ ဘရာဇီး သမ္မတ ဘိုလ်ဆိုနာရိုက ဒီနေ့ ဇွန်လ ၆ ရက်နေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုက WHO ကနေ နုတ်ထွက်ရင် ဘရာဇီးကလည်း အဲဒီလို လိုက်လုပ်မှာဖြစ်ကြောင်း၊ WHO ဟာ စံပြအဖွဲ့အစည်းအဖြစ် မလုပ်ဘူးဆိုရင် ဒီအဖွဲ့ကနေ နုတ်ထွက်ရမှာ ဖြစ်ကြောင်း သမ္မတ အိမ်တော်ရှေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘရာဇီး သမ္မတက ပြောသွားတာပါ။

ဘရာဇီးနိုင်ငံထဲမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြည်ပက အမြင်သဘောထားတွေကို ပြည်သူတွေက မလိုအပ်ကြောင်းလည်း သူက ပြောပါတယ်။

ဘရာဇီးဟာ လက်တင် အမေရိကမှာ COVID-19 ရောဂါ အထိအနာဆုံး နိုင်ငံဖြစ်နေပြီး ရောဂါကြောင့် သေဆုံးသူ ၃၅၀၀၀ ကျော် ရှိနေပါပြီး တခြားနိုင်ငံတွေထက်စာရင် သေဆုံးမှုနှုန်း တတိယအများဆုံး ဖြစ်နေပါတယ်။ ဘရာဇီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၆၄၆၀၀၀ ကျော် ရှိနေပါတယ်။ 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)