ရာထူးဆိုင်းငံ့ခံရတဲ့ ရဲနှစ်ဦးကို ထောက်ခံတဲ့အနေနဲ့ ရဲအထူးအဖွဲ့ တစ်ဖွဲ့လုံး နုတ်ထွက်

0
2425

အမေရိကန် ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမှာ ဂျော့ဂျ် ဖလွိုက်အရေး လူမျိုးရေးခွဲခြားမှု ဆန္ဒပြပွဲအတွင်း အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲနှစ်ဦးက တွန်းဖယ်လို့ လဲကျခဲ့ပါတယ်။ လဲကျနေသူကို ဒီအတိုင်းထားပစ်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ် ရောက်လာပြီးတဲ့နောက် ရဲနှစ်ဦးကို ရာထူးကနေ ဆိုင်းငံ့လိုက်ပါတယ်။

အခုလို ရဲအရာရှိနှစ်ဦး ရာထူးက ဆိုင်းငံ့ခံရတာကို ကန့်ကွက်တဲ့အနေနဲ့ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ (ERT) အဖွဲ့ဝင် ရဲ ၅၇ ဦးဟာ ERT ကနေ နုတ်ထွက်လိုက်ကြပါတယ်။

အသက် ၇၅ နှစ်အရွယ် မာတင် ဂူဂျီနိုက ရဲတွေရှေ့မှာ ပိတ်ရပ်လိုက်စဉ် ရဲနှစ်ဦးက တွန်းလို့ ပန်လက်လန် လဲကျနေခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်ဟာ လူတွေကို တုန်လှုပ်စေခဲ့ပြီး ရဲနှစ်ဦးကို လစာမဲ့ ရာထူးဆိုင်းငံ့ကာ ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။

အထက်က ညွှန်ကြားတဲ့အတိုင်း ရဲတွေက လုပ်ရတာပဲ ဖြစ်တယ်ဆိုပြီး ERT အဖွဲ့ဝင် ရဲ ၅၇ ဦးက နုတ်ထွက်လိုက်ကြတာပါ။ ERT အထူးအဖွဲ့ကနေ နုတ်ထွက်ပေမယ့် ရဲဌာနကနေတော့ နုတ်ထွက်ခြင်း မရှိဘူးလို့ ဘတ်ဖဲလိုး ရဲများ အကျိုးဆောင်အသင်း (PBA) ဥက္ကဋ္ဌ ဂျွန် အီဗန်စ်က ပြောပါတယ်။

အာဖရိကန်-အမေရိကန် ဂျေ့ာဂျ် ဖလွိုက် သေဆုံးမှု ဆန္ဒပြပွဲအတွင်း တွန်းလှဲခံရသူ ဂူဂျီနိုကတော့ ဆေးရုံတင်ထားရပါတယ်။

ဂူဂျီနိုဟာ အခု လူမျိုးရေးခွဲခြားမှုသာမက နျူကလီးယား ဖျက်သိမ်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့မှာလည်း ပါဝင် ဆန္ဒပြခဲ့တဲ့ ငြိမ်းချမ်းစွာ တက်ကြွလှုပ်ရှားသူဖြစ်တယ်လို့ ဘတ်ဖဲလိုး သတင်းစာက ဖော်ပြပါတယ်။

ဂူဂွီနိုဟာ ဥပဒကေို ဆန့ကြငွသြူ မဟုတကြှောငြး၊ အသကအြရှယကြှီးပှီး အားလညြး နညြးနကှေောငြး၊ ကနွြးမာရေးလညြး မကောငြးကှောငြး သူ့ရဲ့ မိတဆြှေ တားရန့ဈြ ဘဈဆနကြ ပှောပါတယြ။

____________________

____________________


အမေရိကန် ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမှာ ဂျော့ဂျ် ဖလွိုက်အရေး လူမျိုးရေးခွဲခြားမှု ဆန္ဒပြပွဲအတွင်း အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲနှစ်ဦးက တွန်းဖယ်လို့ လဲကျခဲ့ပါတယ်။ လဲကျနေသူကို ဒီအတိုင်းထားပစ်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ် ရောက်လာပြီးတဲ့နောက် ရဲနှစ်ဦးကို ရာထူးကနေ ဆိုင်းငံ့လိုက်ပါတယ်။ 

အခုလို ရဲအရာရှိနှစ်ဦး ရာထူးက ဆိုင်းငံ့ခံရတာကို ကန့်ကွက်တဲ့အနေနဲ့ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ (ERT) အဖွဲ့ဝင် ရဲ ၅၇ ဦးဟာ ERT ကနေ နုတ်ထွက်လိုက်ကြပါတယ်။

အသက် ၇၅ နှစ်အရွယ် မာတင် ဂူဂျီနိုက ရဲတွေရှေ့မှာ ပိတ်ရပ်လိုက်စဉ် ရဲနှစ်ဦးက တွန်းလို့ ပန်လက်လန် လဲကျနေခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်ဟာ လူတွေကို တုန်လှုပ်စေခဲ့ပြီး ရဲနှစ်ဦးကို လစာမဲ့ ရာထူးဆိုင်းငံ့ကာ ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။

အထက်က ညွှန်ကြားတဲ့အတိုင်း ရဲတွေက လုပ်ရတာပဲ ဖြစ်တယ်ဆိုပြီး ERT အဖွဲ့ဝင် ရဲ ၅၇ ဦးက နုတ်ထွက်လိုက်ကြတာပါ။ ERT အထူးအဖွဲ့ကနေ နုတ်ထွက်ပေမယ့် ရဲဌာနကနေတော့ နုတ်ထွက်ခြင်း မရှိဘူးလို့ ဘတ်ဖဲလိုး ရဲများ အကျိုးဆောင်အသင်း (PBA) ဥက္ကဋ္ဌ ဂျွန် အီဗန်စ်က ပြောပါတယ်။


ဂူဂျီနိုဟာ အခု လူမျိုးရေးခွဲခြားမှုသာမက နျူကလီးယား ဖျက်သိမ်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့မှာလည်း ပါဝင် ဆန္ဒပြခဲ့တဲ့ ငြိမ်းချမ်းစွာ တက်ကြွလှုပ်ရှားသူဖြစ်တယ်လို့ ဘတ်ဖဲလိုး သတင်းစာက ဖော်ပြပါတယ်။

ဂူဂျီနိုဟာ ဥပဒေကို ဆန့်ကျင်သူ မဟုတ်ကြောင်း၊ အသက်အရွယ်ကြီးပြီး အားလည်း နည်းနေကြောင်း၊ ကျန်းမာရေးလည်း မကောင်းကြောင်း သူ့ရဲ့ မိတ်ဆွေ တားရန့်စ် ဘစ်ဆန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)