နှစ်ပေါင်း ၂၀ အတွင်း အာရွန်ဒါတီ ရွိုင်ရဲ့ ပထမဆုံးဝတ္ထု စတင်ဖြန့်ချိ

0
360

မွေးရပ်ဇာတိ အိန္ဒိယနိုင်ငံက တရားမျှတမှု မရှိတဲ့အကြောင်းတွေကို ပေါ်ပေါ်တင်တင် ဝေဖန်သူအဖြစ်နဲ့ ကမ္ဘာကျော်ခဲ့တဲ့ “The God of Small Things” စာအုပ်ကြောင့် ဆုရပြီးနောက် နှစ်ပေါင်း ၂၀ အတွင်း စာဖတ်ပရိတ်သတ် အများအပြားက စိတ်ဝင်တစားစောင့် ဆိုင်းနေကြတဲ့ နိုင်ငံရေးဝေဖန်ရေးသမား စာရေးဆရာမ ဆူဇန်နာ အာရွန်ဒါတီ ရွိုင်ရဲ့ ဒုတိယအကြိမ်မြောက် ၀တ္ထုစာအုပ် ဒီနေ့ဖြန့်ချိလိုကပါတယ်။

၁၉၉၇ ခုနှစ်က ထုတ်ဝေခဲ့ပြီး အုပ်ရေ ၈ သန်းခန့်ရောင်းချခဲ့ရတဲ့ အဆိုပါ စာအုပ်ကြောင့် အာရွန်ဒါတီ ရွိုင်ဟာ ဘွတ်ခ်ကာဆုရတဲ့ ပထမဆုံး အိန္ဒိယအမျိုးသမီး ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ စာပေလောကရဲ့ တက်သစ်စကြယ်တစ်ပွင့် ဖြစ်ခဲ့ပါတယ်။

အဲဒီ နောက်ပိုင်းနှစ်တွေမှာ ရွိုင်ဟာ စိတ်ကူးယဉ်ဖန်တီးမှု မဟုတ်တဲ့စာတွေကို အရေးများခဲ့ပြီး ဆင်းရဲမွဲတွေမှု၊ ဂလိုဘယ်လိုက်ဇေးရှင်းကနေ ကက်ရှ်မီးယားဒေသ ပဋိပက္ခအထိ အက်ဆေးတွေ ရေးသားခဲ့ပြီး အဲဒီ အက်ဆေးအများစုက အိန္ဒိယရဲ့အုပ်ချုပ်သူ လူတန်းစားအတွက် အလေးထား ဆင်ခြင်စရာတွေ ဖြစ်လာခဲ့ပါတယ်။

သူမရဲ့လှုပ်ရှားမှု ကမ်ပိန်းတွေက အိန္ဒိယမှာ လူအတော်များများကို ဒေါသပေါက်ကွဲစေခဲ့ပြီး နောက်ဆုံး ထုတ်ဝေတဲ့ ၀တ္ထုဖြစ်ကာ ဆယ်နှစ်ကြာ အချိန်ယူရေးသားခဲ့ရတဲ့ “The Ministry of Utmost Happiness” အပေါ်မှာ လွှမ်းမိုးမှုရှိခဲ့ပါတယ်။

ဒေလီမြို့ဟောင်း ၀န်းကျင်ကနေ ဘူဇွာလူတန်းစာတွေ နေထိုင်တဲ့ မက်ထရိုပိုလစ် နယူးဒေလီအသစ်၊ နောက်ပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ ကတ်ရှ်မီးယားတောင်ကြားနဲ့ ဗဟိုအိန္ဒိယ တောအုပ်တွေအထိ စာဖတ်သူရဲ့စိတ်ကို ဆွဲခေါ်သွားမှာဖြစ်ကြောင်း အဆိုပါစာအုပ် ထုတ်ဝေရေးလုပ်တဲ့ ပင်ဂွင်းစာအုပ်တိုက်က ပြောဆိုခဲ့ပါတယ်။

တိုင်းမ်အော့ဖ်အိန္ဒိယ သတင်းစာကတော့ ကမ္ဘာကျော်စာရေးဆရာကြီး ဂျိမ်းဂျွိုစ်ရဲ့စကားကို ကိုးကားပြီး ရွိုင်ကို ချီးကျုးရေးသား သွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ ရွိုင်ဟာ အိန္ဒိယရဲ့ထင်ရှားကျော်ကြားမှု အရှိဆုံး စာရေးဆရာတွေထဲမှာ အပါအ၀င်ဖြစ်ပါတယ်။

အိန္ဒိယရဲ့ စီးပွားရေးစန်းပွင့်မှုက လက်တစ်ဆုပ်စာ လူတစ်စုကိုပဲ ချမ်းသာကြွယ်ဝစေခဲ့ပြီး လူအများစုကို ဒုက္ခခံစားရစေကြောင်း ရွိုင်က ရေးသားဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ဟင်ဒီ အမျိုးသားရေးဝါဒီတွေရဲ့ အုပ်ချုပ်မှုကိုလည်း သူမက အပြင်းအထန်ဝေဖန် ရေးသားခဲ့ပါတယ်။

ဒါပေမယ့် စာဖေဝေဖန်ရေးသမား တချို့ကတော့ ရွိုင်ဟာ စာပေကို နိုင်ငံရေးအတွက် အသုံးချ ဖန်တီးနေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)