လန်ဒန်အကြမ်းဖက်မှု ကြိုးကိုင်တဲ့အဖွဲ့ကို ဆက်လက် ဖော်ထုတ်နေ

0
329

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမှာ နောက်ကွယ်က ကြိုးကိုင်နေတဲ့ အဖွဲ့အစည်းကို လန်ဒန်ရဲတပ်ဖွဲ့က အပြင်းအထန် စုံစမ်းဖော်ထုတ်နေပြီး အကြမ်းဖက်သမား သုံးဦးထဲက တစ်ဦးနဲ့ ပတ်သက်ပြီး အမှုပိတ်မယ့် ဆုံးဖြတ်ချက်ကို ငြင်းပယ်ခဲ့ကြပါတယ်။

လန်ဒန်၊ ဘာကင်းမြို့နယ်မှာ နေထိုင်သူ ပါကစ္စတန်ဖွား ကူရမ်ဘတ် ၂၂ နှစ်ကို အရင်ကတည်းက လန်ဒန်ရဲတပ်ဖွဲ့နဲ့ MI 15 အဖွဲ့က သိထားပြီးဖြစ်ကြောင်း၊ ဒါပေမယ့် အကွက်ချစီစဉ်မှု အထောက်အထားကို မတွေ့ခဲ့ကြောင်း ရဲအရာရှိတွေက ပြောပါတယ်။

တခြား အကြမ်းဖက်သမားနှစ်ဦးကိုတော့ ထောက်လှမ်းရေး အဖွဲ့တွေက မသိရှိခဲ့ပါဘူး။

ဇွန်လ ၄ ရက်နေ့က ဖမ်းဆီးခဲ့တဲ့ ၁၂ ဦးကိုတော့ အရေးယူမှု မရှိဘဲ ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

ဒီနေ့မှာ လန်ဒန်အရှေ့ပိုင်း အီဖို့ဒ်ဒေသက အဆောက်အုံတစ်ခုကို အကြမ်းဖက်မှု တန်ပြန်ရဲအရာရှိတွေက ၀င်ရောက်ရှာဖွေခဲ့ပါတယ်။ ဒါပေမယ့် အဖမ်းအဆီးတော့ မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

လူ ၇ ဦးသေဆုံးပြီး ၄၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အကြမ်းဖက်မှုကျူးလွန်သူ သုံးဦးအနက် နှစ်ဦးရဲ့အမည်ကို ရဲတပ်ဖွဲ့က ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် အကြမ်းဖက်သမား တစ်ဦးက ဘာကင်းမြို့နယ်မှာ နေထိုင်သူ ရာချစ်ဒ်ရက်ဒ်ဒူအန်း (၃၀ နှစ်) ဖြစ်ပါတယ်။ သူဟာ စားဖိုမှူး တစ်ဦးဖြစ်ပြီး ရာချစ်ဒ်အဲလ်က်ဒါ ဆိုတဲ့အမည်ကိုလည်း အသုံးပြုခဲ့ကြောင်း သိရှိရပါတယ်။

အကြမ်းဖက်သမား သုံးဦးစလုံးကို ရဲတပ်ဖွဲ့က ၈ မိနစ်အတွင်း အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အကြမ်းဖက်သမားတွေဟာ ဗန်ကားတစ်စီးနဲ့ လန်ဒန်တံတားပေါ်က လူသွားလမ်းပေါ်ကလူတွေကို ၀င်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဘိုရိုဂ်ဈေးဘက်က လူတွေကို အလ္လာအရှင်မြတ်အတွက်လို့ အော်ဟစ်ပြီး ဓားနဲ့လိုက်ထိုးခဲ့တာဖြစ်ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)