သမ္မတ ထရမ့်ရဲ့ ရာသီဥတုဆိုင်ရာ မူဝါဒကို သဘောမတူလို့ အမေရိကန် သံတမန် ရာထူးက နုတ်ထွက်

0
291

တရုတ်နိုင်ငံ၊ ဘေဂျင်းမှာ ရှိတဲ့ အမေရိကန် သံရုံးက ဒုတိယ အကြီးအကဲဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရာသီဥတုဆိုင်ရာ မူဝါဒကို သဘောမတူတဲ့အတွက် ရာထူးကနေ နုတ်ထွက်သွားပါတယ်။

သံရုံး ဒုတိယ အကြီးအကဲ မစ္စတာ ရန့်ခ်ဟာ နုတ်ထွက်သွားပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။

ရာသီဥတုဆိုင်ရာ သဘောတူညီချက်ဖြစ်တဲ့ ပါရီ သဘောတူစာချုပ်ကနေ နုတ်ထွက်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ သမ္မတ ထရမ့်က ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို နုတ်ထွက်လိုက်တာကို သဘောမတူလို့ မစ္စတာ ရန့်ခ်က နုတထွက်တာ ဖြစ်တယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)