အိုရ်ဗရီကိုစ့် ကွင်းလယ်ကစားသမားဟောင်း  တီအိုတေ လေ့ကျင့်ရင်း  သေဆုံး

0
279

အိုရ်ဗရီကိုစ့် ကွင်းလယ်ကစားသမားဟောင်း  တီအိုတေဟာ သူရဲ့  ဘေကျင်းအင်တာပရိုက်စ် အသင်းနဲ့ လေ့ကျင့် နေစဉ်အတွင်း ရုတ်တရက် လဲကျပြီး  ဇွန်လ ၅ ရက်နေ့က သေဆုံးခဲ့ပါတယ်။

တီအိုတေ ဟာ နှလုံးရောဂါနဲ့သေဆုံးချိန်မှာ အသက် ၃၀ အရွယ်သာရှိသေးပြီး ဒီလို ရုတ်တရက်သေ ဆုံးသွားတဲ့အတွက် အသင်းဖော်တွေလည်း ၀မ်းနည်းနေခဲ့ကြပါတယ်။

တီအိုတေဟာ ဘေကျင်းအင်တာပရိုက်စ် အသင်းကို ဖေဖော်ဝါရီလကမှ သွားရောက်ကစားခဲ့တာဖြစ်ပြီး  အဲ့ဒီ အသင်းကို မသွားခင် နယူးကာဆယ် အသင်းမှာ ၇ နှစ်တာ ကစားခဲ့တာပဲဖြစ်ပါတယ်။

သူဟာ   အိုင်ရ်ဗရီကိုစ့် အသင်းနဲ့အတူ ၂၀၁၅ အာဖရိက ဆုဖလားရရှိထားတာလည်း ဖြစ်ပြီး ၂၀၁၀ -၂၀၁၄ ခုနှစ်တွေမှာလည်း ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ပါဝင်ကစားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)