၂၀၁၂ခုနှစ်က ဒေလီမှာအုပ်စုဖွဲ့ မုဒိန်းကျင့်သူတွေကို အိန္ဒိယ သေဒဏ်ပေး

0
352

၂၀၁၂ခုနှစ်က အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ ရုပ်ရှင်ကြည့်ပြီးပြန်လာတဲ့ ဆေးကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့တဲ့ တရားခံ လေးဦးကို အိန္ဒိယနိုင်ငံရဲ့အမြင့်ဆုံးတရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။

အဆိုပါတရားခံလေးဦးဖြစ်တဲ့ အက်ခ်ရှေသာကာရ်၊ ဗီနေရှာမာ၊ ပါဝမ်ဂူတာနဲ့ မှုကတ်ခ်တို့ကို ၂၀၁၃ ခုနှစ်ကတည်းက တရားရုံးက  သေဒဏ်သတ်မှတ်ပြီးသား ဖြစ်ပါတယ်။

ဒါပေမဲ့ တရားခံတွေက အယူခံဝင်ခဲ့ကြတာကြောင့် အခုလိုအမြင့်ဆုံးတရားရုံးက သူတို့ရဲ့အယူခံကိုပယ်ချပြီး သေဒဏ်ကို အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။

တရားသူကြီး အာလ်ဘာနုမာသီက ဒါဟာ လူမဆန်လှတဲ့ အရိုင်းအစိုင်းရာဇ၀တ်မှုဖြစ်ကြောင်းနဲ့ လူ့အသိုင်းအ၀ိုင်းကို တုန်လှုပ်စေခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဆေးကျောင်သူဟာ မုဒိန်းကျင့်ခံရတဲ့ ထိခိုက်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)