အာဆီယံ နဲ့ ဂျပန် ၊တောင်ကိုရီးယား ၊ တရုတ် သုံးနိုင်ငံ တွေ့ဆုံ့ဆွေးနွေး

0
328

အာဆီယံ အဖွဲ့ဝင်  တွေနဲ့  ဂျပန်၊တရုတ် ၊  တောင်ကိုရီးယားနိုင်ငံက  ဘဏ္ဍာရေးပိုင်းဆိုင်ရာ  အကြီးအကဲတွေ  ဟာ ဒေသတွင်း နဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ   စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ အတွက်  အကြိမ် ၂၀ မြောက် အာဆီယံ + ၃ နိုင်ငံတွေ့ဆုံမှု အကြိမ် ၂၀ မြောက်ပွဲ ကို ဂျပန်နိုင်ငံ မှာ   ဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်။

 

ငွေကြေးထိန်းချုပ်မှုအပါအ၀င် ပြည်တွင်း အခွန်ပိုင်းဆိုင်ရာမူဝါဒတွေ တိုးတက်ပြောင်းလဲလာဖို့နဲ့ မျှတပြီးအာလုံးပါဝင် နိုင်တဲ့ စီးပွားရေးတွေ အတူလက်တွဲ ဖော်ဆောင်ဖို့ သဘောတူခဲ့ကြတာပဲဖြစ်ပါတယ်။

နောက်ထပ်လည်း   စီးပွားရေး ရင်းနှီးမြုပ်နှံမှုမှာ  ဘက်စုံကုန်သွယ်ရေးကိုအခြေခံတဲ့  စည်းမျဉ်းစည်းကမ်းတွေ နဲ့ တိုင်းပြည်ရဲ့  ငွေကြေးစီးဆင်းမှုအပေါ် ပွင့်လင်းမြင်သာမှု ရှိစေဖို့ သဘောတူခဲ့ကြတာပဲ  ဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့  အခု ၂၀၁၇ ခုနှစ်ဟာ စီးပွားရေးဆိုင်ရာ တိုးတက်မှု နှုန်း ၆.၉ ရာခိုင်နှုန်းရှိပြီး အလုပ်အကိုင် အခွင့်အလမ်းအသစ်   ၃.၃၄ မီလီယမ်နီးပါး ဖန်တီးပေးနိုင်ခဲ့ကြောင်း နဲ့  နိုင်ငံခြားကုန်သွယ်မှုဟာ တစ်နှစ်ကို  ၂၁.၈ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း တရုတ်ဘဏ္ဍာရေးလက်ထောက် ၀န်ကြီးကပြောပါတယ်။

ဆက်လက်ပြီးတော့လည်း  နိုင်ငံ့ရဲ့ဘဏ္ဍာရေးဆိုင်ရာ   ကွန်ယက်ပိုမိုတိုးတက်လာဖို့ ၊   ဒေသတွင်းဆိုင်ရာ အဆောက်အဦးတွေနဲ့ ဆက်သွယ်ရေး ပိုင်းဆိုင်ရာတွေ     တိုးမြှင့်လာဖို့ ၊    ခိုင်မြဲတဲ့ဘက်စုံ   ကုန်သွယ်မှုစနစ်  ကိုကာကွယ်ပေးနိုင်ဖို့  အတွက်ကိုလည်း သဘောတူညီခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)