စစ်သား ၆၀၀ နီးပါး ပါဝင်တဲ့ ရေနံခိုးထုတ်သူတွေကြားက တိုက်ပွဲ

0
283

မက္ကဆီကိုနိုင်ငံ မှာ ရေနံခိုးထုတ်သူတွေ နဲ့ စစ်သားတွေကြား မနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၀ ဦးယောက်သေဆုံးခဲ့တာပါ။

အဲ့ဒီ သေဆုံးခဲ့သူ ၁၀ ယောက်ထဲမှာ ၆ ယောက်က ရေနံခိုး သူ တွေ ဘက်ဖြစ်ပြီး ကျန် ၄ ဦးကတော့ အစိုးရစစ်သားတွေ ပဲဖြစ်ပါတယ်။

ရေနံခိုးထုတ်မှုတွေ မကြာခန ဖြစ်နေတဲ့အတွက် ရေနံပိုက်လိုင်းအဓိကစစ်ဆင်ရေး အဖြစ် အစိုးရတပ်ဖွဲ့ဝင် တွေ ကစတင် ခဲ့ကြတာပဲဖြစ်ပါတယ်။

အဲ့ဒီစစ်ဆင်ရေးမှာ စစ်သား ၆၀၀ ကျော်ပါဝင်ခဲ့ပြီး စစ်ဆင်ရေးဖြစ်ပွာခဲတဲ့ နေရာက ရွာအနီးက အမျိုးသမီးတွေနဲ့ ကလေးတွေကို ရေနံ ခိုးထုတ်သူတွေ ဘက်က လူသား ဒိုင်းအဖြစ် အသုံးပြု ကာကွယ်ခဲ့ကြတယ်လို့ မက္ကဆီက အစိုးရကပြောပါတယ်။

တိုက်ပွဲအတွင်းရေနံ ခိုးသူ ဘက်က လူ ၁၂ ဦးကိုဖမ်းဆီး နိုင်ခဲ့ပြီး တစ်နေ့ကို ရေနံ စည်ပေါင်း ၂၇၀၀၀ လောက်စံချိန်တင် ဆုံးရှုံးနေတယ်လို့ ပြည်တွင်း Pemex ကုမ္ပဏီရဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)