တောင်ကိုရီးယား ရုပ်ရှင်စျေးကွက် ၁ နှစ်ခန့် ဆုံးရှုံးမှုဖြစ်ပေါ်မယ်

0
136

နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် တောင်ကိုရီးယား ရုပ်ရှင်စျေးကွက် ၁ နှစ်ခန့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က တောင်ကိုရီးယား ရုပ်ရှင်လောကသားများက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ကူးစက်မြန် ကပ်ရောဂါ ဖြစ်ပွားနေတာကြောင့် အနုပညာ ဖျော်ဖြေရေးလုပ်ငန်းများ အားလုံးနီးပါး ရပ်ဆိုင်းထားရပါတယ်။ ရုပ်ရှင်ရုံများကို ပိတ်ထားရသလို ရုပ်ရှင်ရိုက်ကူးမှုများကိုလည်း ရပ်နားထားရပါတယ်။ တောင်ကိုရီးယားမှာတော့ ရုပ်ရှင်ရုံများအားလုံး ပြီးခဲ့တဲ့ ဖေဖဝါရီလကတည်းက ပိတ်ထားရတဲ့အတွက် ရုံတင်ဖို့ ဆိုင်းငံ့ထားရတဲ့ ရုပ်ရှင်တွေလည်း အများကြီးဖြစ်နေပါတယ်။

တောင်ကိုရီးယားနာမည်ကြီး သရုပ်ဆောင်များဖြစ်တဲ့ ကွမ်ဆောင်ဟို၊ လီဗြောင်ဟွန်း၊ ဂျောင်ဒိုရမ်၊ ဂင်နမ်ဂီးတို့နဲ့ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကိုလည်း အကန့်အသတ်မရှိ ရပ်နားထားရတယ်လို့ ဒါရိုက်တာ ဟန်ဂျေလင်က ပြောပါတယ်။ မကြာသေးခင်က ကိုလံဘီယာမှာ ရိုက်ကူးရေး ပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် ဆောင်းဂျွန်ကီ ပါဝင်သရုပ်ထားတဲ့ “Bogota” ရုပ်ရှင် အဖွဲ့သားများအားလုံးဟာ ရိုက်ကူးရေးများအားလုံး ရပ်နားကာ ကိုရီးယားသို့ ပြန်လာခဲ့ရပါတယ်။ ဒီအတွက် “Bogota” ရုပ်ရှင်ဟာ ဘယ်အချိန်မှာ ရိုက်ကူးရေးပြီးမယ်ဆိုတာ မခန့်မှန်းနိုင်တော့ပါဘူး။

ဒါ့အပြင် ဂျော်ဒန်မှာ သွားရန်ရိုက်ကူးရန် ပြင်ဆင်ထားတဲ့ သရုပ်ဆောင် ဟွန်ဘင်းနဲ့ ဟွမ်ဂျန်မင်းတို့ ပါဝင်သရုပ်ဆောင်မယ့် “Negotiations” ဟာလည်း ရိုက်ကူးရေးများကို ရပ်နားထားရပါတယ်။ ရိုက်ကူးရေးများ အမြဲပြည့်နေတဲ့ တောင်ကိုရီးယားရှိ ရုပ်ရှင်စတူဒီယိုကြီး ၆ ခုကလည်း ရပ်နားထားရပါတယ်။

၂၀၁၉ ခုနှစ်က တောင်ကိုရီးယား ရုပ်ရှင်စျေးကွက်မှာ ဝင်ငွေ ဝမ် ၂ ဒသမ ၅ ထရီလီယံအထိ ရှိခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယား ရုပ်ရှင်စျေးကွက်မှာ ၁ နှစ်ခန့် ဆုံးရှုံးမှုတွေ ရှိနိုင်တာကြောင့် လောကသားအားလုံး ပြင်ဆင်ထားရမယ်လို့ သတိပေးထားပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယား ရုပ်ရှင်ဈေးကွက် ၁ နှစ်ခန့် ဆုံးရှုံးမှုဖြစ်ပေါ်မယ်

နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် တောင်ကိုရီးယား ရုပ်ရှင်ဈေးကွက် ၁ နှစ်ခန့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က တောင်ကိုရီးယား ရုပ်ရှင်လောကသားများက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ကူးစက်မြန် ကပ်ရောဂါ ဖြစ်ပွားနေတာကြောင့် အနုပညာ ဖျော်ဖြေရေးလုပ်ငန်းများ အားလုံးနီးပါး ရပ်ဆိုင်းထားရပါတယ်။ ရုပ်ရှင်ရုံများကို ပိတ်ထားရသလို ရုပ်ရှင်ရိုက်ကူးမှုများကိုလည်း ရပ်နားထားရပါတယ်။ တောင်ကိုရီးယားမှာတော့ ရုပ်ရှင်ရုံများအားလုံး ပြီးခဲ့တဲ့ ဖေဖဝါရီလကတည်းက ပိတ်ထားရတဲ့အတွက် ရုံတင်ဖို့ ဆိုင်းငံ့ထားရတဲ့ ရုပ်ရှင်တွေလည်း အများကြီးဖြစ်နေပါတယ်။

တောင်ကိုရီးယားနာမည်ကြီး သရုပ်ဆောင်များဖြစ်တဲ့ ကွမ်ဆောင်ဟို၊ လီဗြောင်ဟွန်း၊ ဂျောင်ဒိုရမ်၊ ဂင်နမ်ဂီးတို့နဲ့ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကိုလည်း အကန့်အသတ်မရှိ ရပ်နားထားရတယ်လို့ ဒါရိုက်တာ ဟန်ဂျေလင်က ပြောပါတယ်။ မကြာသေးခင်က ကိုလံဘီယာမှာ ရိုက်ကူးရေး ပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် ဆောင်းဂျွန်ကီ ပါဝင်သရုပ်ထားတဲ့ “Bogota” ရုပ်ရှင် အဖွဲ့သားများအားလုံးဟာ ရိုက်ကူးရေးများအားလုံး ရပ်နားကာ ကိုရီးယားသို့ ပြန်လာခဲ့ရပါတယ်။ ဒီအတွက် “Bogota” ရုပ်ရှင်ဟာ ဘယ်အချိန်မှာ ရိုက်ကူးရေးပြီးမယ်ဆိုတာ မခန့်မှန်းနိုင်တော့ပါဘူး။

ဒါ့အပြင် ဂျော်ဒန်မှာ သွားရန်ရိုက်ကူးရန် ပြင်ဆင်ထားတဲ့ သရုပ်ဆောင် ဟွန်ဘင်းနဲ့ ဟွမ်ဂျန်မင်းတို့ ပါဝင်သရုပ်ဆောင်မယ့် “Negotiations” ဟာလည်း ရိုက်ကူးရေးများကို ရပ်နားထားရပါတယ်။ ရိုက်ကူးရေးများ အမြဲပြည့်နေတဲ့ တောင်ကိုရီးယားရှိ ရုပ်ရှင်စတူဒီယိုကြီး ၆ ခုကလည်း ရပ်နားထားရပါတယ်။

၂၀၁၉ ခုနှစ်က တောင်ကိုရီးယား ရုပ်ရှင်ဈေးကွက်မှာ ဝင်ငွေ ဝမ် ၂ ဒသမ ၅ ထရီလီယံအထိ ရှိခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယား ရုပ်ရှင်ဈေးကွက်မှာ ၁ နှစ်ခန့် ဆုံးရှုံးမှုတွေ ရှိနိုင်တာကြောင့် လောကသားအားလုံး ပြင်ဆင်ထားရမယ်လို့ သတိပေးထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)