ကိုရိုနာဗိုင်းရပ်စ် လက္ခဏာပြလို့ ဗြိတိန် ဝန်ကြီးချုပ် ဆေးရုံတက်ရ

0
133

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လက္ခဏာတချို့ ပြနေလို့ ဆေးရုံကို တက်ရောက်နေရပါတယ်။

အသက် ၅၅ နှစ်အရွယ် မစ္စတာ ဂျွန်ဆင်ဟာ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေ တောက်လျှောက် ပြနေတယ်လို့ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် အိမ်တော် ပြောခွင့်ရသူက ဧပြီလ ၅ ရက်နေ့က ပြောပါတယ်။ အခုလို ဆေးရုံတက်တာဟာ ဆရာဝန်ရဲ့ အကြံပြုချက်အရ ကြိုတင်ကာကွယ်တဲ့ သဘောဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေထဲက တစ်ခုဖြစ်တဲ့ ကိုယ်ပူချိန် မြင့်တက်တာ တောက်လျှောက် ဖြစ်နေကြောင်းနဲ့၊ ဒါကြောင့် တစ်ယောက်တည်း ခွဲနေတာ နောက်ထပ် ရက်ထပ်တိုးချင်ကြောင်း ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က လူမှုကွန်ရက် မီဒီယာမှာ ရေးသားခဲ့ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုရိုနာဗိုင်းရပ်စ် လက္ခဏာပြလို့ ဗြိတိန် ဝန်ကြီးချုပ် ဆေးရုံတက်ရ

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လက္ခဏာတချို့ ပြနေလို့ ဆေးရုံကို တက်ရောက်နေရပါတယ်။

အသက် ၅၅ နှစ်အရွယ် မစ္စတာ ဂျွန်ဆင်ဟာ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေ တောက်လျှောက် ပြနေတယ်လို့ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် အိမ်တော် ပြောခွင့်ရသူက ဧပြီလ ၅ ရက်နေ့က ပြောပါတယ်။ အခုလို ဆေးရုံတက်တာဟာ ဆရာဝန်ရဲ့ အကြံပြုချက်အရ ကြိုတင်ကာကွယ်တဲ့ သဘောဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေထဲက တစ်ခုဖြစ်တဲ့ ကိုယ်ပူချိန် မြင့်တက်တာ တောက်လျှောက် ဖြစ်နေကြောင်းနဲ့၊ ဒါကြောင့် တစ်ယောက်တည်း ခွဲနေတာ နောက်ထပ် ရက်ထပ်တိုးချင်ကြောင်း ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က လူမှုကွန်ရက် မီဒီယာမှာ ရေးသားခဲ့ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)