ဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်ခဲ့တဲ့ အပျော်စီးသင်္ဘောကိစ္စ သြစတြေးလျ စတင် စုံစမ်းစစ်ဆေး

0
112

သြစတြေးလျ၊ ဆစ်ဒနီမြို့တော်ရှိ ဆိပ်ကမ်းမှာ ဆိုက်ကပ်ခွင့်ပြုခဲ့ပြီး ထောင်နဲ့ချီတဲ့ ခရီးသည်တွေကို တိုက်ရိုက် ပြန်ခွင့်ပေးလိုက်တဲ့ COVID-19 ကူးစက်နေတဲ့ အပျော်စီး ဇိမ်ခံသင်္ဘောကိစ္စကို သြစတြေးလျ အာဏာပိုင်တွေက ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး စတင် လုပ်နေပါတယ်။

အပျော်စီး ဇိမ်ခံသင်္ဘော ရူဘီ ပရင့်ဆက်စ်ဟာ ဆာကူလာ ကွေးဆိပ်ကမ်းမှာ လာရောက် ဆိုက်ကပ်တဲ့ မတ်လ ၁၉ ရက်နောက်ပိုင်း သင်္ဘောပေါ် ပါသူတွေနဲ့ ဆက်စပ်လို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၆၀၀ ကျော်၊ ဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးသူ ၁၁ ဦး ရှိနေပါတယ်။ သေဆုံးမှုနှုန်းဟာ သြစတြေးလျ တစ်နိုင်ငံလုံး သေနှုန်းရဲ့ ၃၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။

သင်္ဘောကို ဆိုက်ကပ်ခွင့်ပေးခဲ့တဲ့ ဒေသန္တရ အစိုးရအဖွဲ့တွေ၊ သင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ရောဂါ ကူးစက်မှုကို ပွင့်လင်းမြင်သာမှု ဘယ်လောက်ရှိသလဲ ဆိုတာနဲ့ ပတ်သက်လို့ သင်္ဘော အမှုထမ်းတွေကို မေးခွန်းထုတ်စရာတွေ ရှိနေတယ်လို့ နယူး ဆောက်သ်ဝေးလ် ရဲမင်းကြီး မစ်ခ် ဖူလာက ပြောပါတယ်။ ဇိမ်ခံသင်္ဘောပေါ်ပါ ခရီးသည် ၂၇၀၀ ကို ဆစ်ဒနီမြို့မှာ မတ်လ ၁၉ ရက်နေ့က ဆိုက်ကပ်ပြီး သင်္ဘောပေါ်က ဆင်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)