နယူးယောက် တိရစ္ဆာန်ရုံရှိ ကျားတစ်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တွေ့ရှိ

0
169

အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ဘရွန့်ဇ် တိရစ္ဆာန်ရုံမှာ ကျားတစ်ကောင်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာကို တွေ့ရှိခဲ့ရပြီး အမေရိကန်မှာ တိရစ္ဆာန်တစ်ကောင်ကို ဗိုင်းရပ်စ်ကူးစက်မှု ပထမဆုံး တွေ့ရှိရတာ ဖြစ်ပါတယ်။

အသက် လေးနှစ်အရွယ် မလေးရှား ကျားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာ ဖြစ်ပြီး တခြား ကျားနဲ့ ခြင်္သေ့ ခြောက်ကောင်ဟာလည်း ဖျားနာနေပါတယ်။ တိရစ္ဆာန်ရုံ ဝန်ထမ်းတွေကနေတစ်ဆင့် ကူးစက်တယ်လို့ ယုံကြည်ရကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနက ပြောပါတယ်။

အခု ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ကျားဟာ မတ်လ ၂၇ ရက်က စပြီး ရောဂါလက္ခဏာတွေ ပြခဲ့တာ ဖြစ်ပြီး ပြန်လည် သက်သာလာမယ်လို့ မျှော်လင့်ကြောင်း တိရစ္ဆာန်ရုံ ပြောခွင့်ရသူက ပြောပါတယ်။ သတိပြုစရာတွေကြောင့် ကျားကို ဆေးစစ်ခဲ့တာဖြစ်ကြောင်း၊ အခု စစ်ဆေးတွေ့ရှိမှုဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကမ္ဘာက ပိုမိုနားလည်စေနိုင်မှာ ဖြစ်ကြောင်း တိရစ္ဆာန်ရုံရဲ့ ဆေးကုသရေး အကြီးအကဲ ဒေါက်တာ ပေါလ် ကယ်လီက ပြောပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)