သူပုန်တွေကို အပြုတ် တိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိကြောင်း ပြော

0
288

ဓာတုလက်နက် အသုံးပြုတိုက်ခိုက်မှု လုပ်ခဲ့တာကြောင့် နိုင်ငံတကာက ဝေဖန်ခံနေရတဲ့ ဆီးရီးယားသမ္မတ အာဆတ်က သူပုန်တွေ ကို အပြုတ်တိုက်ဖို့ ကလွဲပြီး ရွေးချယ်စရာမရှိကြောင်း ဒီကနေ့ပြုလုပ်တဲ့ အင်တာဗျုးမှာ ပြောဆိုလိုက်ပါတယ်။

အတိုက်အခံအုပ်စုတွေက မကြားသေးခင်ကပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကိုတက်ခဲ့ပေမယ့် လိုအပ်တဲ့အဖြေမရခဲ့တာကြောင့် ဆီးရီးယားအ စိုးရအနေနဲ့ အခြားရွေးချယ်စရာမရှိဘဲ တိုက်ခိုက်နေရတာဖြစ်ကြောင်း အာဆတ်က ပြောဆိုသွားခဲ့တာပါ။

အာဆတ်ရဲ့လုပ်ဆောင်ချက်တွေက အတော်ကြီးကို စည်းလွတ်ဘောင်လွတ် ဖြစ်သွားခဲ့ပြီးလို့ ပြီးခဲ့တဲ့အင်္ဂါနေ့က ဓါတ်ငွေ့သုံးပြီး တိုက်ခိုက်ခဲ့မှုအပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အပြစ်တင်ပြောကြားမှုမလုပ်ခင်မှာ ဆီးရီးယားသမ္မတက ခရိုအေးရှား သတင်းစာတစ်စောင်နဲ့ အဆိုပါအင်တာဗျုးကို ပြုလုပ်ခဲ့ပုံရပါတယ်။

ဆီးရီးယားမြောက်ပိုင်း ခမ်ရှိတ်ဟွန်မြို့အပေါ် တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး အာဆတ်ကို သတင်းဌာနက မမေးမြန်းခဲ့ပါဘူး။ ဆီးရီးယားအစိုးရကလည်း အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက် မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

ဆီးရီးယားစစ်ပွဲ ခြောက်နှစ်ကျော် ကာလအတွင်းမှာ အာဆတ်ဟာ ရုရှားစစ်တပ်နဲ့ အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွ အဖွဲ့တွေရဲ့အကူအညီနဲ့ ဆီးရီးယားနိုင်ငံအနောက်ပိုင်းကို စိုးမိုးထားနိုင်ခဲ့ပါတယ်။

ယနေ့ပြုလုပ်ခဲ့တဲ့ အင်တာဗျုးမှာ အာဆတ်က ပုန်ကန်ထကြွမှုတွေကို အဆုံးသတ်အောင်မြင်တဲ့အထိ တိုက်ခိုက်သွားနိုင်မယ်လို့ ယုံကြည်နေကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းက ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကတော့ ဘာရလဒ်မှ မထွက်ခဲ့ဘူးလို့ပဲ ဆိုရမှာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)