ဂျပန် ဒိုင်-အိချိ အသက် အာမခံ လုပ်ငန်း မြန်မာပြည်မှာ ရုံးဖွင့်

0
265

အရှေ့တောင် အာရှမှာ အလျင်အမြန် ကြီးထွားနေတဲ့ မြန်မာပြည် ဈေးကွက်မှာ ဂျပန်က ဒိုင်-အိချိ အသက် အာမခံ လုပ်ငန်းက ရန်ကုန်မြို့မှာ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်ပြီး ခြေချလိုက်ပါတယ်။

၂၀၁၂ မှာ ဖွင့်လှစ်တဲ့ တိုင်ယို အသက်အာမခံ လုပ်ငန်း ပြီးရင် ဒိုင်-အိချိက ဒုတိယမြောက် ဂျပန် အာမခံလုပ်ငန်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာမခံလုပ်ငန်းက ကျယ်ပြန့်ခြင်း မရှိသေးပါဘူး။ မြန်မာ့ အာမခံလုပ်ငန်း တစ်ခုတည်းကသာ ကာလကြာရှည် လည်ပတ်နေခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေး တိုးတက်နှုန်းဟာ ၇ ရာခိုင်နှုန်း ရှိပါတယ်။

ဂျပန်ပြည်တွင်းမှာ ဈေးကွက် ကျဉ်းလာတဲ့အတွက် ဒိုင်-အိချိဟာ အာရှမှာ ဈေးကွက် ချဲ့ထွင်လာတာ ဖြစ်ပါတယ်။ ဒိုင်-အိချိ ရုံးခွဲတွေဟာ ဗီယက်နမ်၊ အိန္ဒိယ၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ ထိုင်းတို့မှာ ဖွင့်လှစ်ပြီးပါပြီ။ ကမ္ဘောဒီးယားမှာ လာမယ့်နှစ်မှာ ဖွင့်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)