လက်နှစ်ဖက်လုံး အစားထိုးခံယူထားသူ ခွဲစိတ်ဆရာဝန်ထံ ကျေးဇူးတင်စာ ရေးပို့

0
288

အသက် ၅၇ နှစ်အရွယ် ခရစ္စကင်း (Chris King) ဟာ သတ္တုဖိအားပေးစက်မှာ အလုပ်လုပ်ရင်း ကြောက်မက်ဖွယ် မတော်တဆမှုကြောင့် လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရပါတယ်။

ယူကေမှာ လက်နှစ်ဖက်လုံး ပထမဆုံး အစားထိုး ခံယူထားတဲ့ ကင်းက ခွဲစိတ်ကုသမှု ခံယူတာ အခြေအနေ တိုးတက်လာကြောင်း ပြတဲ့အနေနဲ့ ခွဲစိတ်ပေးတဲ့ ဆရာဝန် ပါမောက္ခ ဆိုင်မွန် ကေ ထံကို ကျေးဇူးတင်စာ ရေးခဲ့တာ ဖြစ်ပါတယ်။

ကင်းဟာ လက်နှစ်ဖက်စလုံးကို လွန်ခဲ့တဲ့ လေးနှစ်က လုပ်ငန်းခွင်အတွင်း ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ မနှစ်က ဇူလိုင်လမှာ လက်နှစ်ဖက်စလုံးကို လီစ် အထွေထွေ ဆေးရုံးကြီးမှာ ပလပ်စတစ် ခွဲစိတ်အထူးကု ပါမောက္ခ ဆိုင်မွန် ကေက ဦးဆောင်ပြီး အစားထိုး ခွဲစိတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အကန့်အသတ် ရှိနေမယ့် ခရစ် ကင်း အပြည့်အဝ ပြန်ဖြစ်လာပါပြီလို့ ကင်းက ပြောဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)