သမ္မတ ပူတင် ရဲ့ ဂေးရုပ်ပြောင် ကာတွန်းပုံ ဖြန့်ဝေမှု ကို တားဆီး

0
388

ရုရှားနိုင်ငံမှာ သမ္မတဗလာဒီမာ ပူတင်ရဲ့ဓာတ်ပုံကို လိင်တူချစ်သူ ရုပ်ပြောင်ပုံစံအဖြစ် ကာတွန်းပုံရေးဆွဲပြီး ဖြန့်ဝေမှုလုပ်ရင် အရေးယူမယ်လို့ တရားရုံး တစ်ခုကနေ အမိန့်ထုတ်ပြန် လိုက်ပါတယ်။

ဒါပေမဲ့ ရုရှားသတင်းမီဒီယာတွေဟာ အဲဒီသတင်းကို တင်ပြရာမှာ ဘယ်ပုံကို တားမြစ်တယ်ဆိုတာ နမူနာပြဖို့ အခက်တွေ့ ခဲ့ကြရပါတယ်။ မော်စကိုတိုင်းမ် သတင်းစာကတော့ အထက်ပါပုံကို နမှုနာပြပြီး တားမြစ်ပိတ်ပင်တဲ့ သတင်းကို ဖော်ပြသွားခဲ့ပါတယ်။

မော်စကိုတိုင်းမ်က ဖော်ပြခဲ့တဲ့ အဆိုပါ ပိုစတာပုံဟာ ကလေးငယ်တွေကို လိင်တူဆက်ဆံသူတွေ အကြောင်း ၀ါဒဖြန့်ချိရေးသား ဖော်ပြမှုတွေကို တားဆီးတဲ့ ဥပဒေ ရုရှားမှာထုတ်ပြန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်းမှာ လူသိများခဲ့တာဖြစ်ပါတယ်။

ဒီဥပဒေကို မကျေနပ်သူတွေက ပိုစတာရေးဆွဲပြီး ကန့်ကွက်ဆန္ဒပြရာမှာ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အခြားဓာတ်ပုံတွေဖြစ်တယ်လို့ ယူဆကြတဲ့ အခြားရုရှားသတင်းဌာနတွေလည်း ရှိပါတယ်။

ပုံမှန်အားဖြင့် သမ္မတပူတင်ဟာ သူ့အပေါ်ဝေဖန်ပြောဆိုမှုတွေကို ဂရုမစိုက်တတ်သူတစ်ယောက် ဖြစ်ပေမယ့်လည်း ၂၀၁၅ ခုနှစ်မှာတော့ ဝေဖန်ရေးလုပ်ကြတဲ့ အင်တာနက်ဝက်ဘ်ဆိုက်ဒ်တွေနဲ့ ဘလော့ဂ်တွေ အားလုံးနည်းပါးကို အာဏာပိုင်တွေက ဖယ်ရှားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)