ဖိလစ်ပိုင် အစိုးရ နဲ့ မော်ဝါဒီသူပုန်တွေကြား ယာယီ အပစ်ရပ် စာချုပ်ချုပ်ဆို

0
272

ဖိလစ်ပိုင်အစိုးရနဲ့ မော်ဝါဒီ သူပုန်အုပ်စုတွေအကြား ယာယီ အပစ်အခတ် ရပ်ဆဲရေး သဘောတူစာချုပ် ချုပ်ဆိုဖို့ မနေ့က ဧပြီလ ၅ ရက်နေ့က စေ့စပ်ညှိနှိုင်းခဲ့ကြပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ ယာယီ အပစ်အခတ် ရပ်စဲရေးနဲ့ အကျဉ်းသားတွေ လွတ်မြောက်ခွင့် ရရှိနိုင်ရေးကိုပါ နယ်သာလန် ဆွေးနွေးပွဲ အပြီးမှာ ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။      

အရှေ့တောင်အာရှ နိုင်ငံအတွင်းမှာ ဆယ်စုနှစ် ၅ စုအတွင်း မော်ဝါဒီသူပုန် ခေါ် ကွန်မြူနစ် ပြည်သူ့ တပ်မတော်သစ်ရဲ့ ပြောက်ကျား တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့သူ ပေါင်း ၄ သောင်းကျော် ရှိလာခဲ့ပါတယ်။

အခုလို လက်မှတ်ရေးထိုးတာက ဒုတိယအကြိမ် ဖြစ်ပြီး ၁၉၈၆ ခုနှစ် နိုဝင်ဘာလတုန်းကလည်း  အစိုးရနဲ့ သူပုန်တွေကြား ရက်ပေါင်း ၆၀ ကြာ အပစ်အခတ် ရပ်စဲရေးကို ပထမအကြိမ် ပြုလုပ်ခဲ့ဖူးပါတယ်။

၁၉၈၇ ခုနှစ် ဇန်န၀ါရီလ မနီလာမြို့တော်မှာ လယ်သမား တွေ ဆန္ဒပြတာကို  ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ် နှိမ်နင်းရာမှာ ၁၃ ဦး သေဆုံးပြီးနောက် တိုက်ပွဲတွေ ပြန်လည် စတင်ခဲ့ပါတယ်။
ဖိလစ်ပိုင် အစိုးရကတော့ လာမယ့် ၁၂ လအတွင်း ပဋိပက္ခတွေ ပြေငြိမ်း ဖို့မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)