ကိတ္သ္ ဖလင့္ ေသဆံုးၿပီးေနာက္ ေဖ်ာ္ေျဖေရး ပြဲစဥ္ အားလံုး ဖ်က္သိမ္း

0
706

ၿဗိတိန္ တီးဝိုင္းတစ္ခုျဖစ္တဲ့ The Prodigy ရဲ႕ ပင္တိုင္ အဆိုေတာ္ ကိတ္သ္ ဖလင့္ အဆံုးစီရင္သြားၿပီးေနာက္ The Prodigy က ေဖ်ာ္ေျဖဖို႔ စီစဥ္ထားတဲ့ ပြဲအားလံုးကို ဖ်က္သိမ္းလိုက္ပါတယ္။

၁၉၉၀ ခုႏွစ္ ဝန္းက်င္က Firestarter သီခ်င္းနဲ႔ နာမည္ေက်ာ္ခဲ့တဲ့ The Prodigy အဖြဲ႔ရဲ႕ အဆိုေတာ္ ကိတ္သ္ ဖလင့္ဟာ သူ႔ေနအိမ္မွာ ေသဆံုးေနတာကို မတ္လ ၄ ရက္ေန႔က ေတြ႔ရွိခဲ့တာပါ။ ဖလင့္ေသဆံုးမႈကို ဝမ္းနည္းတဲ့အေနနဲ႔ ေဖ်ာ္ေျဖေရးပြဲေတြကို ဖ်က္သိမ္းလိုက္တာ ျဖစ္ပါတယ္။ ဖလင့္ရဲ႕ ပရိသတ္ေတြက ဂလပ္စတန္ဘာရီ ပြဲေတာ္မွာ စုေဝးၿပီး ဖလင့္ကို ဂုဏ္ျပဳၾကဖို႔ စီစဥ္ေနပါတယ္။

ၿဗိတိန္ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕မွာ ေမြးဖြားတဲ့ ဖလင့္ဟာ ဂီတပညာရွင္၊ အကပညာရွင္လည္း ျဖစ္ၿပီး ေသဆံုးခ်ိန္မွာ အသက္ ၄၉ ျဖစ္ပါတယ္။ သူ႔ရဲ႕ Firestarter သီခ်င္းေခြဟာ ၁၉၉၆ ခုႏွစ္မွာ နံပါတ္ ၁ ေနရာ ခ်ိန္ခဲ့ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိတ်သ် ဖလင့် သေဆုံးပြီးနောက် ဖျော်ဖြေရေး ပွဲစဉ် အားလုံး ဖျက်သိမ်း

ဗြိတိန် တီးဝိုင်းတစ်ခုဖြစ်တဲ့ The Prodigy ရဲ့ ပင်တိုင် အဆိုတော် ကိတ်သ် ဖလင့် အဆုံးစီရင်သွားပြီးနောက် The Prodigy က ဖျော်ဖြေဖို့ စီစဉ်ထားတဲ့ ပွဲအားလုံးကို ဖျက်သိမ်းလိုက်ပါတယ်။

၁၉၉၀ ခုနှစ် ဝန်းကျင်က Firestarter သီချင်းနဲ့ နာမည်ကျော်ခဲ့တဲ့ The Prodigy အဖွဲ့ရဲ့ အဆိုတော် ကိတ်သ် ဖလင့်ဟာ သူ့နေအိမ်မှာ သေဆုံးနေတာကို မတ်လ ၄ ရက်နေ့က တွေ့ရှိခဲ့တာပါ။ ဖလင့်သေဆုံးမှုကို ဝမ်းနည်းတဲ့အနေနဲ့ ဖျော်ဖြေရေးပွဲတွေကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဖလင့်ရဲ့ ပရိသတ်တွေက ဂလပ်စတန်ဘာရီ ပွဲတော်မှာ စုဝေးပြီး ဖလင့်ကို ဂုဏ်ပြုကြဖို့ စီစဉ်နေပါတယ်။

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ မွေးဖွားတဲ့ ဖလင့်ဟာ ဂီတပညာရှင်၊ အကပညာရှင်လည်း ဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၄၉ ဖြစ်ပါတယ်။ သူ့ရဲ့ Firestarter သီချင်းခွေဟာ ၁၉၉၆ ခုနှစ်မှာ နံပါတ် ၁ နေရာ ချိန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)