
0
850




 


>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန် ဖျက်သင်္ဘောအုပ်စု အကြီးအကဲအဖြစ် အမျိုးသမီးတစ်ဦးကို ပထမဆုံး ခန့်အပ်

ဂျပန်ရေတပ် ဖျက်သင်္ဘောအုပ်စု အကြီးအကဲအဖြစ် အမျိုးသမီးတစ်ဦးကို ပထမဆုံး ခန့်အပ်လိုက်တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

အမျိုးသမီးတွေကို လူသစ်စုဆောင်းဖို့ အထောက်ကူ ပိုမိုဖြစ်စေမယ့် ရည်ရွယ်ချက်နဲ့ ရေတပ်အကြီးအကဲ တစ်ဦးအဖြစ် ရေတပ် ဒုတိယ ဗိုလ်မှူးကြီး ရိုကို အာဇူမာကို ပထမဆုံး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်၊

ဒုတိယ ဗိုလ်မှူးကြီး ရိုကို အာဇူမာဟာ အမျိုးသမီး ၃၀ နဲ့ အမျိုးသား ၁၀ဝ၀ ကျော် ပါဝင်တဲ့ ဖျက်သင်္ဘောအုပ်စုကို အမိန့်ပေး ညွှန်ကြားမှာ ဖြစ်ပါတယ်။ ဒုဗိုလ်မှူးကြီး အာဇူမာကို ခန့်အပ်မှုဟာ ဂျပန်တပ်ဖွဲ့အတွင်း အမျိုးသမီးတွေ ပိုမို ပါဝင်စေဖို့နဲ့ လူငယ်တွေကို ဆွဲဆောင်ဖို့ ကြိုးပမ်းတာလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ကိုယ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့တွေမှာ အမျိုးသမီး ပါဝင်မှုနှုန်း နည်းနေပြီး အမျိုးသမီး ၆ ရာခိုင်နှုန်းသာ အစိုးရတပ်ဖွဲ့တွေမှာ ပါဝင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)