ေဂ်႐ုဆလမ္ၿမိဳ႕မွာ ျပဳလုပ္မယ့္ အေမရိကန္ သံ႐ံုးဖြင့္ပြဲ သမၼတ ထရမ့္ တက္မယ္

0
840

 

အျငင္းပြားဖြယ္ရာ ဆံုးျဖတ္ခ်က္ေတြနဲ႔ ေဝဖန္မႈေတြ ရွိေပမယ့္ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က ေဂ်႐ုဆလမ္ၿမိဳ႕ဆီ အေမရိကန္သံ႐ံုး ေျပာင္းေရႊ႕ဖြင့္လွစ္မယ့္ ဖြင့္ပြဲအခမ္းနားကို တက္ေရာက္မွာ ျဖစ္ပါတယ္။

ေဂ်႐ုဆလမ္ၿမိဳ႕ကို အစၥေရးႏုိင္ငံ ၿမိဳ႕ေတာ္အျဖစ္ အသိအမွတ္ ျပဳခဲ့ၿပီးေနာက္ပိုင္း ေဂ်႐ုဆလမ္ၿမိဳ႕ နဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ အာရပ္ကမာၻက ႏုိင္ငံေတြၾကား အျငင္းပြားမႈေတြ၊ တင္းမာမႈေတြ ျမင့္တက္ခဲ့ပါတယ္။ အေမရိကန္ သမၼတကို သံ႐ံုးဖြင့္ပြဲ တက္ေရာက္ဖို႔ အစီအစဥ္ ရွိ၊ မရွိ သတင္းေထာက္ေတြက ေမးျမန္းခ်ိန္မွာ သမၼတ ထရမ့္က တက္ေရာက္မယ္လို႔ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

ေဂ်႐ုဆလမ္ၿမိဳ႕မွာ အေမရိကန္သံ႐ံုးကို လာမယ့္ ေမလအတြင္း ဖြင့္လွစ္ဖို႔ ရွိပါတယ္။ ေဂ်႐ုဆလမ္ၿမိဳ႕မွာ အေမရိကန္ သံ႐ံုး ဖြင့္လွစ္မႈနဲ႔ အစၥေရးရဲ႕ ၿမိဳ႕ေတာ္အျဖစ္ အသိမွတ္ျပဳမႈေတြက ကာလအတန္ၾကာ ရွိေနခဲ့တဲ့ အေမရိကန္မႈဝါဒ အေျပာင္းအလဲ ျဖစ္ေပၚလာမႈကို ေဖာ္ျပလုိက္တာလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျေရုဆလမ်မြို့မှာ ပြုလုပ်မယ့် အမေရိကန် သံရုံးဖွင့်ပွဲ သမ္မတ ထရမ့် တက်မယ်

အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေနဲ့ ဝေဖန်မှုတွေ ရှိပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ဂျေရုဆလမ်မြို့ဆီ အမေရိကန်သံရုံး ပြောင်းရွှေ့ဖွင့်လှစ်မယ့် ဖွင့်ပွဲအခမ်းနားကို တက်ရောက်မှာ ဖြစ်ပါတယ်။

ဂျေရုဆလမ်မြို့ကို အစ္စရေးနိုင်ငံ မြို့တော်အဖြစ် အသိအမှတ် ပြုခဲ့ပြီးနောက်ပိုင်း ဂျေရုဆလမ်မြို့ နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အာရပ်ကမ္ဘာက နိုင်ငံတွေကြား အငြင်းပွားမှုတွေ၊ တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ အမေရိကန် သမ္မတကို သံရုံးဖွင့်ပွဲ တက်ရောက်ဖို့ အစီအစဉ် ရှိ၊ မရှိ သတင်းထောက်တွေက မေးမြန်းချိန်မှာ သမ္မတ ထရမ့်က တက်ရောက်မယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဂျေရုဆလမ်မြို့မှာ အမေရိကန်သံရုံးကို လာမယ့် မေလအတွင်း ဖွင့်လှစ်ဖို့ ရှိပါတယ်။ ဂျေရုဆလမ်မြို့မှာ အမေရိကန် သံရုံး ဖွင့်လှစ်မှုနဲ့ အစ္စရေးရဲ့ မြို့တော်အဖြစ် အသိမှတ်ပြုမှုတွေက ကာလအတန်ကြာ ရှိနေခဲ့တဲ့ အမေရိကန်မှုဝါဒ အပြောင်းအလဲ ဖြစ်ပေါ်လာမှုကို ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)