Big Bang အဖြဲ႔ဝင္ ေဆာင္းရီ စစ္မႈထမ္းဖို႔ အမည္စာရင္းေပးမယ္

0
869

ေတာင္ကိုရီးယား နာမည္ေက်ာ္ ဂီတအဖြဲ႔ျဖစ္တဲ့ Big Bang အဖြဲ႔က အဖြဲ႔ဝင္ ေဆာင္းရီ (Seungri) ဟာ စစ္မႈထမ္းဖို  ႔ မၾကာမီ အမည္စာရင္း ေပးမယ္လို႔ သူရဲ႕ ေအဂ်င္စီ YG က သတင္းထုတ္ျပန္ပါတယ္။

အခုလအတြင္းမွာပဲ Big Bang အဖြဲ႔ဝင္ေတြျဖစ္တ့ဲ ထယ္ရမ္းနဲ႔ ဒယ္ေဆာင္းတို႔ စစ္မႈထမ္းဖို႔ အမည္စာရင္း ေပးသြင္းခဲ့ၿပီးေနာက္ ေဆာင္းရီက စစ္မႈထမ္းဖုိ႔ အမည္စာရင္း သြင္းမွာ ျဖစ္ပါတယ္။ ထယ္ရမ္းဟာ မတ္လ ၁၂ ရက္ေန႔က အမည္စာရင္းေပးခဲ့ၿပီး ဒယ္ေဆာင္းက မတ္လ ၁၃ ရက္ေန႔မွာ အမည္စာရင္းေပးခဲ့ပါတယ္။

YG အင္တာတိန္းမန္႔က ေဆာင္းရီဟာ စစ္မႈထမ္းဖို႔ အမည္စာရင္းေပးေရး ဆႏၵရွိေနၿပီး လက္ရွိမွာ လုပ္အားေပး လုပ္ငန္းေတြ လုပ္ေဆာင္ဖို႔ အမည္စာရင္း အရင္ေပးသြားမွာ ျဖစ္တယ္လုိ႔ ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

Big Bang အဖွဲ့ဝင် ဆောင်းရီ စစ်မှုထမ်းဖို့ အမည်စာရင်းပေးမယ်

တောင်ကိုရီးယား နာမည်ကျော် ဂီတအဖွဲ့ဖြစ်တဲ့ Big Bang အဖွဲ့က အဖွဲ့ဝင် ဆောင်းရီ (Seungri) ဟာ စစ်မှုထမ်းဖို့ မကြာမီ အမည်စာရင်း ပေးမယ်လို့ သူရဲ့ အေဂျင်စီ YG က သတင်းထုတ်ပြန်ပါတယ်။

အခုလအတွင်းမှာပဲ Big Bang အဖွဲ့ဝင်တွေဖြစ်တဲ့ ထယ်ရမ်းနဲ့ ဒယ်ဆောင်းတို့ စစ်မှုထမ်းဖို့ အမည်စာရင်း ပေးသွင်းခဲ့ပြီးနောက် ဆောင်းရီက စစ်မှုထမ်းဖို့ အမည်စာရင်း သွင်းမှာ ဖြစ်ပါတယ်။ ထယ်ရမ်းဟာ မတ်လ ၁၂ ရက်နေ့က အမည်စာရင်းပေးခဲ့ပြီး ဒယ်ဆောင်းက မတ်လ ၁၃ ရက်နေ့မှာ အမည်စာရင်းပေးခဲ့ပါတယ်။

YG အင်တာတိန်းမန့်က ဆောင်းရီဟာ စစ်မှုထမ်းဖို့ အမည်စာရင်းပေးရေး ဆန္ဒရှိနေပြီး လက်ရှိမှာ လုပ်အားပေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အမည်စာရင်း အရင်ပေးသွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)