
0
294




>>>>>>>>>>>>>>>>>>>>>>>>>>>>

အသက် ၁၀ဝ သတို့သားနဲ့ အသက် ၉၆ နှစ် သတို့သမီးတို့ မင်္ဂလာပွဲ လူတွေ အံ့အားသင့်

ထိုင်းနိုင်ငံ၊ အယုဒ္ဒယမြို့မှာ အသက် ၁၀ဝ အရွယ် သတို့သား အဘိုးအိုနဲ့ အသက် ၉၆ နှစ်အရွယ် သတို့သမီး အဘွားအိုတို့ မင်္ဂလာပွဲ ကျင်းပခဲ့ရာ တွေမြင့်ရသူတွေ အံ့အားသင့်ခဲ့ရပါတယ်။

သက်ကြီးရွယ်အို ကျန်းမာရေးဌာနက ဆရာဝန် ဒေါက်တာ ဘန်ချိုင်းက ဒီလက်ထပ်မှုဟာ ထိုင်းနိုင်ငံမှာ နှစ်ဦးပေါင်း အသက်အကြီးဆုံး လက်ထပ်တဲ့ စုံတွဲဖြစ်တယ်လို့ ပြောပါတယ်။ အသက် ၁၀ဝ နှစ် အရွယ် ဆန်ဂဆီဒေါ့ဘူရက်ဘ်က အချစ်မှာ အသက်အကန့်အသတ် မရှိဘူးဆိုတာကို သက်သေပြတဲ့အနေနဲ့ ၉၆ နှစ်အရွယ် ဝင်းဆီဒေါ့ဘူရက်ဘ်ကို လက်ထပ်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

သတို့သား ဆန်ဂက လက်ထပ်မှုအပေါ် ပျော်ရွှင်နေပြီး ကြိုးတားသူတွေကို လက်ဆောင်ငွေတွေ ပေးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)