ၿဗိတိန္မွာ အေအးလြန္ကဲမႈနဲ႔ မုန္တိုင္ေၾကာင့္ ေရေနသတၱဝါေတြ သန္းခ်ီေသဆံုး

0
934

ၿဗိတိန္ႏိုင္ငံ၊ အဂၤလန္အေရွ႕ေတာင္ပိုင္း၊ ရမ္းစ္ဂိတ္ၿမိဳ႕ ကမ္းေျခနဲ႔ ေယာ့ခ္႐ိႈင္းယား အေရွ႕ဘက္ ကမ္းေျခေတြ အပါအဝင္ ကမ္းေျခေတြမွာ ၿပီးခဲ့တဲ့ မတ္လ ၄ ရက္ေန႔က  သန္းနဲ႔ခ်ီတဲ့ ေရေနသတၱဝါေတြ ေသာင္တင္ကာ အစုလုိက္ အၿပံဳလုိက္ ေသဆံုးေနတာကို ေတြ႔ရွိခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔ကေန မတ္လ ၃ ရက္ေန႔အထိ ၿဗိတိန္မွာ အပူခ်ိန္ သုညဒီဂရီေအာက္ က်ဆင္းကာ အေအးလြန္ကဲ ခဲ့ပါတယ္။ အေအးလြန္ကဲၿပီးေနာက္ အမ္မာ မုန္တိုင္းရဲ႕ ေလျပင္းနဲ႔ ဒီေရျမင့္တက္မႈေတြေၾကာင့္ ေရေနသတၱဝါေတြ သန္းခ်ီၿပီး ေသာင္တင္ ေသဆံုးခဲ့တာ ျဖစ္ပါတယ္။

ေသဆံုးတဲ့ သတၱဝါေတြထဲမွာ ၾကယ္ငါးေတြ၊ ဂဏန္းေတြ၊ ပင္လယ္ပုစြန္ႀကီးေတြနဲ႔ တျခား ငါးေတြအျပင္ ပင္လယ္ဇင္ေယာ္ေတြလည္း ပါဝင္ပါတယ္။ ကမ္းေျခေတြကို လူအမ်ားအျပား လာေရာက္ၿပီး ငါးေတြ၊ ပုဇြန္ေတြကို ေကာက္ယူခဲ့ၾကပါတယ္။ တစ္ခ်ိဳ႕ဆိုရင္ ပင္လယ္ ပုစြန္ထုပ္ႀကီးေတြကုိ ကားစင္းလံုးတိုက္ ေကာက္ယူမႈေတြလည္း ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗြိတိန်မှာ အအေးလွန်ကဲမှုနဲ့ မုန်တိုင်ကြောင့် ရေနေသတ္တဝါတွေ သန်းချီသေဆုံး

ဗြိတိန်နိုင်ငံ၊ အင်္ဂလန်အရှေ့တောင်ပိုင်း၊ ရမ်းစ်ဂိတ်မြို့ ကမ်းခြေနဲ့ ယော့ခ်ရှိုင်းယား အရှေ့ဘက် ကမ်းခြေတွေ အပါအဝင် ကမ်းခြေတွေမှာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က သန်းနဲ့ချီတဲ့ ရေနေသတ္တဝါတွေ သောင်တင်ကာ အစုလိုက် အပြုံလိုက် သေဆုံးနေတာကို တွေ့ရှိခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ ဗြိတိန်မှာ အပူချိန် သုညဒီဂရီအောက် ကျဆင်းကာ အအေးလွန်ကဲ ခဲ့ပါတယ်။ အအေးလွန်ကဲပြီးနောက် အမ်မာ မုန်တိုင်းရဲ့ လေပြင်းနဲ့ ဒီရေမြင့်တက်မှုတွေကြောင့် ရေနေသတ္တဝါတွေ သန်းချီပြီး သောင်တင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးတဲ့ သတ္တဝါတွေထဲမှာ ကြယ်ငါးတွေ၊ ဂဏန်းတွေ၊ ပင်လယ်ပုစွန်ကြီးတွေနဲ့ တခြား ငါးတွေအပြင် ပင်လယ်ဇင်ယော်တွေလည်း ပါဝင်ပါတယ်။ ကမ်းခြေတွေကို လူအများအပြား လာရောက်ပြီး ငါးတွေ၊ ပုဇွန်တွေကို ကောက်ယူခဲ့ကြပါတယ်။ တစ်ချို့ဆိုရင် ပင်လယ် ပုစွန်ထုပ်ကြီးတွေကို ကားစင်းလုံးတိုက် ကောက်ယူမှုတွေလည်း ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)